ဒီဇင်ဘာလဒုတိယပတ်အတွင်း ကြက်ဥစျေးအနည်းငယ်ကျဆင်းသော်လည်း ဘဲဥနှင့်ငုံးဥဈေးမှာ ဈေးငြိမ်နေကြောင်း သိရှိရပါတယ်။ မန္တလေးစျေးကွက်အတွင်း ဝင်ရောက်သည့်ကြက်ဥများ မှာ ပြင်ဦးလွင်မြို့နယ်၊ပြင်စာကျေးရွာမွေးမြူရေးခြံမှ ဝင်ရောက်မှုအများဆုံးဖြစ်ပြီး၊ ကျောက်ဆည်၊ မြစ်သား၊ မြို့သာမြို့နယ်ရှိခြံများမှလည်းဝင်ရောက်ကြောင်း သိရှိရပါတယ်။ ဘဲဥဝင်ရောက်မှုအနေ ဖြင့် အမရပူ၊ပုသိမ်ကြီး၊ မတ္တရာမြို့နယ်များရှိခြံများမှဝင်ရောက်ပြီး၊ငုံးဥဝင်ရောက်မှုမှာ မန္တလေး၊ စဉ့်ကိုင်၊ကျောက်ဆည်ဒေသရှိမွေးမြူရေးခြံတို့မှ ဝင်ရောက်ကြောင်းသိရှိရပါတယ်။ ကြက်ဥစျေးကွက် နေဖြင့် ဒီဇင်ဘာလပထမပတ်တွင် လက္ကားစျေးတစ်ဆွဲ( ၃၀ လုံးပါကတ် ၁၀ ခုတွဲ)လျှင် ၁၄၁၀၀ဝိ/- နှင့် ၁၃၅၀၀ဝိ/- စျေးဖြစ်ခဲ့ပြီး ဒီဇင်ဘာလဒုတိယပတ်တွင်တစ်ဆွဲလျင် ၁၃၅၀၀ဝိ/- နှင့် ၁၂၀၀၀ဝိ/- စျေးအသီးဖြစ်ပေါ်ခဲ့ပြီး ဘဲဥနှင့် ငုံးဥစျေးမှာ ပြောင်းလဲမှုမရှိကြောင်း သိရှိရပါတယ်။ ဒီဇင်ဘာလ ဒုတိယပတ်အတွင်း ဖြစ်ပေါ်ခဲ့သော လက်လီစျေးများအနေဖြင့် ကြက်ဥတစ်လုံးလျှင် ၄၅ဝိ/- နှင့် ၄၇ဝိ/- ၊ဘဲဥတစ်လုံးလျင် ၅၇ဝိ/-နှင့် ၅၈ဝိ/- ၊ ငုံးဥ(၁၀)လုံးလျင် ၂၃၀ဝိ/-နှင့် ၂၅၀ဝိ/- စျေးအသီး သီးဖြင့် ရောင်းချလျက်ရှိကြောင်း ကြက်ဥ၊ဘဲဥရောင်းချသူတစ်ဦး၏ပြောပြချက်အရ သိရှိရပါတယ်။ မန္တလေးစျေးကွက်အတွင်း ကြက်ဥ၊ဘဲဥနှင့် ငုံးဥစျေးကွက်မှာ ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိသည့် ကုန်စည်ဖြစ်ပါကြောင်း သိရှိရပါတယ်။
DOCA(မန္တလေး)