ပန်းသီး/ လိမ္မော်သီး လက်လီဈေးကွက်

Powered by Drupal

       ဒီဇင်ဘာလဆောင်းရာသီကာလဖြစ်သည့်အတွက် မန္တလေးမြို့ရဲ့ သစ်သီးဆိုင်များနှင့်  မြို့အတွင်းလှည့်လည်ရောင်းချသည့် လက်တွန်းလှည်းဈေးသည်များတွင် ပန်းသီးနှင့်လိမ္မော်သီးများ အများအပြားရောင်းချလျက်ရှိကြောင်းတွေ့ရှိရပါတယ်။

    လိမ္မော်သီးများမှာ အလုံးကြီးနှင့်အလုံးသေးနှစ်မျိုးရှိပြီး ရှမ်းတောင်/ ရှမ်းမြောက်မှ နေ့စဉ်ဝင်ရောက်မှုရှိကြောင်းနှင့် လိမ္မော်သီးအလုံးအကြီး(၁)လုံးလျှင် ကျပ် ၁၀၀၀/-၇၀၀/-၅၀၀/-ရှိပြီး  အလုံးသေး ပျားလိမ္မော်တစ်ပိဿာလျှင် ကျပ် ၁၂၀၀၀/-ဈေးဖြင့် လက်လီရောင်းချလျက်ရှိကြောင်းနှင့် ပန်းသီးများမှာလည်း အလုံးကြီးနှင့်အလုံးသေးနှစ်မျိုးရှိပြီး ပန်းသီးအလုံးအကြီး(၁)လုံး လျှင် ကျပ် ၁၅၀၀/-၁၂၀၀/-၁၀၀၀/-နှင့် ချင်းတောင်ပန်းသီးအလုံးသေး တစ်ပိဿာလျှင် ကျပ် ၁၈၀၀၀/-ဈေးဖြင့်လက်လီရောင်းချလျက်ရှိကြောင်း  သိရှိရပါတယ်။

DOCA(မန္တလေး)