“ကွမ်းခြံကုန်းမြို့နယ်၌ ဈေးကွက်အတွင်း ရောင်းချနေသော အခြေခံစားသောက်ကုန်ဈေးနှုန်းများ”

Powered by Drupal

ကွမ်းခြံကုန်းမြို့နယ်၊ ဒီဇင်ဘာလ  (၁၈) ရက်

ဒီဇင်ဘာလ တုတိယပတ်တွင် ကွမ်းခြံကုန်းမြို့နယ်၌ အခြေခံစားသောက်ကုန်များ ဖြစ်သော ဆန်ကြမ်း၊ ဆန်ချောအမျိုးအစားအလိုက် ဧည့်မထတစ်ပြည်လျှင်(၃၅၀၀-၃၆၀၀)ကျပ်ထိ၊ ငစိန်ဆန် တစ်ပြည်လျှင်(၃၀၀၀-၃၁၀၀)ကျပ်ထိ၊ကြားပျံဆန်(ရိုးရိုး)တစ်ပြည်လျှင်(၅၆၀၀-၅၈၀၀)ကျပ်ဖြင့် လည်းကောင်း၊ စားအုန်းဆီတစ်ပိဿာလျှင် ယခင်ပတ်တွင်(၇၈၀၀)ကျပ်၊ ယခုပတ်တွင် (၇၈၀၀) ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်လျှက်ရှိပြီး၊ ပဲဆီတစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်ဖြင့် လည်းကောင်း၊ ကြက်သွန်နီအသစ်ဆိုဒ်စုံတစ်ပိဿာလျှင်(၃၅၀၀-၄၀၀၀)ကျပ်၊ ကြက်သွန်ဖြူ(ရှမ်းစ) တစ်ပိဿာ လျှင် (၁၆၀၀၀)ကျပ်၊ ရိုးရိုးဆားတစ်ပိဿာလျှင်(၆၀၀)ကျပ်၊ ငြုပ်တောင့်(အရှည်) တစ်ပိဿာလျှင် (၉၀၀၀)ကျပ်၊ ငြုပ်တောင့်(အပု)တစ်ပိဿာလျှင် (၂၇၀၀၀)ကျပ်၊ ကုလားပဲဇံခြမ်းတစ်ပိဿာ လျှင် (၇၅၀၀)ကျပ်၊ ကြက်ဥတစ်လုံးလျှင်(၃၈၀)ကျပ်နှင့် ဘဲဥတစ်လုံးလျှင်(၅၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။

အလားတူဗမာကြက်တစ်ပိဿာလျှင်(၃၃၀၀၀)ကျပ်၊ CPကြက်တစ်ပိဿာလျှင်(၂၀၀၀၀) ကျပ် ဝက်သားတစ်ပိဿာလျှင်(၂၆၀၀၀)ကျပ်၊ အမဲသားတစ်ပိဿာလျှင်(၂၆၀၀၀)ကျပ်၊ ဆိတ်သား   တစ်ပိဿာလျှင်(၃၅၀၀၀)ကျပ်၊ ငါးမြစ်ချင်း တစ်ပိဿာလျှင်(၉၀၀၀)ကျပ်၊ ငါးကြင်းတစ်ပိဿာ လျှင် (၁၀၀၀၀)ကျပ်စသည့်ဖြင့်လည်းကောင်း ဈေးနှုန်းအသီးသီးတို့ဖြင့် ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်းမြို့နယ်၊ စည်ပင်သာယာမြို့မဈေးအတွင်း အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း     သိရပါသည်။

ယခင်အပတ်နှင့်ယခုအပတ်နှိုင်းယှဉ်ရာတွင် ဆန်ကြမ်း၊ဆန်ချောဈေးနှုန်းများ၊ အသား၊ ငါးဈေးနှုန်းများ၊ ကြက်ဥ၊ဘဲဥနှင့် ကြက်သွန်နီဈေးနှုန်းနှင့် စားသောက်ကုန်ဈေးနှုန်းများမှာ တည်ငြိမ် လျှက်ရှိပြီး အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ အနည်းငယ်ကျဆင်းသွားလျှက်ရှိကြောင်း သိရှိရသည်။

DOCA(ရန်ကုန်)