မန္တလေးတိုင်းဒေသကြီးတွင် ပဲမြစ်ထွက်ရှိရန်စိုက်ပျိုးရာတွင် အပင်မှထွက်ရှိသည့် ပဲစောင်းလျားသီးကို မန္တလေးမြို့အနီးတဝိုက်ရှိဒေသများမှ ဈေးကွက်အတွင်းသို့ဝင်ရောက်လျက်ရှိပြီး များသောအားဖြင့် ကျောက်ဆည်၊ တံတားဦး၊ မတ္တရာတို့မှ ထွက်ရှိသော ပဲစောင်းလျားသီးများသည် မန္တလေးဈေးကွက်တွင် အရောင်းအဝယ်ဖြစ်ပြီး ရာသီစာအဖြစ် စားသုံးလျက်ရှိကြောင်း သတင်းရရှိပါသည်။ မန္တလေးမြို့၊ ၄၁လမ်း ကမ်းနားလမ်း ကုန်စိမ်းဈေး ၊ (ဝေယံထွန်းဈေး)မှ ပဲစောင်းလျားသီးကို လက်ကားရောင်းချပြီး လက်လီအနည်းငယ် ရောင်းချလျက်ရှိကြောင်း သိရှိရပါတယ်။ ကုန်စိမ်းဈေးမှ လက်ကားဝယ်ယူပြီး မန္တလေးမြို့ရှိ ဈေးအသီးသီးတွင် လက်လီပြန်လည်ရောင်းချလျက်ရှိကြောင်းသိရှိရပါတယ်။ လက်ကားဈေး ၁ပိသာလျှင် (၃၀၀၀)ကျပ်၊ လက်လီ(၁)ပိဿာလျှင် (၅၀၀၀)ကျပ်နှုန်းဖြင့် ရောင်းချ လျက်ရှိကြောင်း ဈေးသည်တစ်ဦးထံမှ သိရှိရပါတယ်။ ဈေးနှုန်း သင့်တင့်သည့် ပဲစောင်းလျားသီးကို လူအများကြိုက်နှစ်သက်ပြီး ရာသီစာအဖြစ် စားသုံးလေ့ရှိကြောင်း၊ ပဲစောင်းလျားသီးသုပ်၊ အတို့အမြုပ်၊ အချဉ်ရည်ဟင်းအဖြစ်စားသုံးကြပြီး ကျန်းမာရေးနှင့် ညီညွတ်သော အသီးဖြစ်၍ စားသုံးသင့်ကြောင်း သတင်းကောင်းပါးလိုက်တယ်။
DOCA(မန္တလေး)