၂၀၂၄-၂၀၂၅ ရာသီပဲတီစိမ်းစိုက်တောင်သူများအတွက်(GAP-GHP)နည်းစဉ်များအတိုင်း စိုက်ပျိုးနိုင်စေရန်ရည်ရွယ်၍စိုက်ပျိုးရေးဦးစီးဌာန၊ကျွမ်းကျင်ပညာရှင်များမှပို့ချသော‌ တောင်သူပညာပေးသင်တန်းအခမ်းအနား

Powered by Drupal

   ဥ‌ရောပသမဂ္ဂနိုင်ငံများသို့ ပဲပင်ပေါက်ဖောက်ရန်အတွက် မြန်မာ့ပဲတီစိမ်းများတင်ပို့ရာ တွင် တစ်နှစ်ထက်တစ်နှစ်ပိုမိုတင်ပို့နိုင်ရန်ရည်ရွယ်၍ ၂၀၂၄-၂၀၂၅ ရာသီ ပဲတီစိမ်းစိုက်တောင်သူ များအတွက် (GAP-GHP) နည်းစဉ်များအတိုင်း စိုက်ပျိုးနိုင်စေရန် စိုက်ပျိုးရေးဦးစီးဌာနမှ ကျွမ်းကျင်ပညာရှင်များကပို့ချသော‌ တောင်သူပညာပေး သင်တန်းအခမ်းအနားအား ဒီဇင်ဘာလ ၁၈ ရက်နေ့၊ နံနက်(၀၉:၃၀)တွင် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ သူဌေးကွင်းကျေးရွာ တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားကို စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူး ဦးကျော်ကျော်လွင်နှင့်တကွ အရာထမ်းအမှုထမ်းများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပံ့ပိုးကူညီပေးသောကုမ္ပဏီများမှတာဝန်ရှိသူများနှင့် တောင်သူများ စုစုပေါင်း ၁၂၆ ဦးတက်ရောက် ခဲ့ကြပါသည်။ အခမ်းအနားစတင်ချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော်လွင်က အဖွင့်စကားပြောကြားခဲ့ပါသည်။ ဦးကျော်ကျော်လွင်က  တောင်သူများအား ကောင်းမွန်သောစိုက်ပျိုးရေးစနစ်များဖြင့် စိုက်ပျိုး နိုင်ရန်အတွက် ကြိုတင်အသိပညာပေးရန်၊ စုဆောင်းသူဝယ်ယူသူများကိုလည်း သိုလှောင်မှု၊ ပို့ဆောင်မှု တို့အား မှတ်တမ်းထားရှိစေရန်နှင့် လုပ်ငန်းဆောင်ရွက်သည့်စက်ရုံများကိုလည်း ကျန်းမာရေး နှင့် ညီညွတ်သည့် အလေ့အကျင့်ရှိစေရန် စိုက်ပျိုးရေးဦးစီးဌာနနှင့်ပူးပေါင်းပြီး သက်ဆိုင်ရာကုမ္ပဏီ များ၏ကူညီပံပိုးမှုဖြင့် အသိပညာပေးဆောင်ရွက်လျှက်ရှိပါကြောင်း၊ နှစ်စဉ် ဥရောပသမဂ္ဂနိုင်ငံများသို့ ပဲတီစိမ်းတင်ပို့ခဲ့မှုအခြေအနေများအကြောင်းနှင့် သင်တန်းတွင် အသိပညာပေးသည့်အတိုင်း စနစ်တကျစိုက်ပျိုးထုတ်လုပ်ပါက တောင်သူ၊ အဝယ်တော်၊ နိုင်ငံတော်အတွက် အကျိုးဖြစ်ထွန်းမည်ဖြစ်သည့်အကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက တက်ရောက်လာသောတောင်သူများအား ပညာပေး သင်တန်းပို့ချခဲ့ကြပြီး တက်ရောက်လာသူများက သိလိုသည်များအားမေးမြန်းခဲ့ကြကာ အခမ်းအနားပြီးမြောက်ခဲ့ပါသည်။

DOCA(ရန်ကုန်)