မန္တလေးတိုင်းဒေသကြီးအတွင်း နှမ်းအဓိကစိုက်ပျိုးထွက်ရှိသော ဒေသများအနက် ကျောက်ဆည်ခရိုင်တွင် အများဆုံးစိုက်ပျိုးထွက်ရှိလျက်ရှိသည်။ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်း မန္တလေးကုန်စည်ဒိုင်ဈေးကွက်တွင် နှမ်းဈေးများမြင့်တက်လာခဲ့သည်။ ယခုအခါ မိုးနှမ်းများ ထွက်ပေါ်ချိန်ဖြစ်သောကြောင့် ဒေသတွင်း အရောင်းအဝယ်များ ဖြစ်လျက်ရှိပါသည်။
ယခုအချိန်တွင် လူအများမှာ ကျန်းမာရေးအတွက် နှမ်းဆီကို ဝယ်ယူစားသုံးကြသည့် အတွက် ဆီစက်သမားများကလည်း နှမ်းဆီကြိတ်ရန် အဝယ်ရှိသည့်အချိန်ဖြစ်သည့်အတွက် နှမ်းဈေးများ မြင့်တက်လာသည်ဟု သိရသည်။
နှမ်းဈေးမှာ မန္တလေးကုန်စည်ဒိုင်ဈေးကွက်တွင် စမုန်နမ်းနက်တစ်တင်းလျှင် ၆၅၀၀၀၀၊ နှမ်းဖြူတစ်တင်းလျှင် ၄၀၀၀၀၀ နှင့် နှမ်းညိုတစ်တင်းလျှင် ၃၂၀၀၀၀ ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်ဟု သိရသည်။ မန္တလေးကုန်စည်ဒိုင်ဈေးကွက်တွင် ဖြစ်ပေါ်ခဲ့သော နှမ်းဈေးနှုန်းများကို ၂၀၂၃ခုနှစ်နှင့် ၂၀၂၄ခုနှစ် နှိုင်းယှဉ်ကြည်မည်ဆိုလျှင် ယခုနှစ်အတွင်း ဈေးမြင့်တက်လာခဲ့ကြောင်း သိရသည်။
DOCA(မန္တလေး)