မော်လမြိုင်မြို့၌ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၁၁.၅.၂၀၂၂ ရက်နေ့တွင် မော်လမြိုင်မြို့နယ်၊ မြိုင်သာယာရပ်ကွက်ရှိ “ ဝင်း” မုန့်တိုက်သို့ သွားရောက်၍ ထုတ်ကုန် လုံခြုံစိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြနိုင်ရေးအတွက် လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

          ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် စားသုံးသူပြည်သူများ အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေး၊ စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာဖော်ပြရေး၊ ဓာတုဆေးဝါးများ သုံးစွဲမှုမရှိစေရေးနှင့် သန့်ရှင်းလတ်ဆတ်သော  အစားအသောက်များကို စနစ်တကျ ထုတ်လုပ်နိုင်စေရေးတို့အတွက် အကြံပြုဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

          အဆိုပါ “ဝင်း”မုန့်တိုက်မှာ စားသုံးသူရေးရာဦးစီးဌာနမှ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ အတည်ပြုချက်ရယူပြီး ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်စွာဖော်ပြ၍ ထုတ်လုပ် ရောင်းချသဖြင့် စားသုံးသူများ ယုံကြည်စိတ်ချစွာပိုမို၍ ဝယ်ယူစားသုံးမှုများလာကြောင်း သိရှိရပါသည်။

DOCA(မွန်)