တောင်ငူမြို့ ညောင်ပင်ဈေးမှ ပဲလင်းမြွေသီး(ခေါ်)ဗုံလုံသီးနှင့် ပဲတောင့်ရှည်သီးများ

Powered by Drupal

              တောင်ငူမြို့ အနီးတဝိုက်ရှိ ကျေးရွာများသည် မိုးအလွန်ကာလတွင် ဟင်းသီးဟင်းရွက် များကို တပိုင်တနိုင်စိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိသကဲ့သို့ ဒေသတွင်း ပြည်သူများအနေဖြင့် လည်း ဟင်းသီးဟင်းရွက်များကို ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူရရှိနိုင်ပါသည်။

              စစ်တောင်းမြစ်နှင့် ခပေါင်းချောင်းကမ်းဘေးရှိ ကျေးရွာများမှစိုက်ပျိုးသည့် ပဲလင်းမြွေသီး (ခေါ်)ဗုံလုံသီးနှင့် ပဲတောင့်ရှည်သီးများမှာ ယခုအခါ ပေါ်ထွက်နေပြီဖြစ်ရာ တောင်ငူမြို့၏ ကုန်စိမ်းဈေးဖြစ်သော ညောင်ပင်ဈေးတွင် ရောင်းချလျှက်ရှိနေပါသည်။

              ပဲတောင့်ရှည်သီးမှာ လှိုင်လှိုင်ပေါ်နေပြီဖြစ်ရာ ပေါ်ခါစက ၇၅ တောင့်ပါ တစ်စည်းလျှင် ၃၅၀၀ ကျပ်မှ ၄၀၀၀ ကျပ်အထိရှိခဲ့သော်လည်း ယခုအပတ်တွင် တစ်ထုံးလျှင် ၂၅၀၀ ကျပ်မှ ၂၀၀၀ ကျပ်အထိ ဈေးနှုံးကျဆင်းပါသည်။

              ပဲလင်းမြွေသီး(ခေါ်) ဗုံလုံသီးမှာ ပေါ်ခါစဖြစ်၍ ၁၀ တောင့်ပါ တစ်စည်းလျှင် ၅၀၀၀ ကျပ် မှ ၆၀၀၀ ကျပ်အထိ ရောင်းချလျှက်ရှိပါသည်။ နောက်အပတ်များတွင် လှိုင်လှိုင်ပေါ်လာပြီး ဈေးနှုန်း လည်း ကျဆင်းနိုင်ကြောင်း ဟင်းသီးဟင်းရွက် အရောင်းဆိုင်များမှ သိရပါသည်။

DOCA(ပဲခူး)