၁၆.12.2024 ရက်နေ့၊ နံနက် (၁၁:၁၅) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်သိင်္ဂီဇံ(အကြီးတန်းစာရေး)၊ ဒေါ်ယုယုလွင် (အငယ်တန်းစာရေး)နှင့် ဝန်ထမ်းများသည် ရေကျော်(City Mark) အတွင်းရှိ ငရုတ်ဆီအမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိ သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်သိရသည်။
ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော ငရုတ်ဆီများတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များပါဝင်မှုရှိ/ မရှိတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ရာ ဈေးကွက်အတွင်းရှိ ငရုတ်ဆီအမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်းရှိသည်ကို စစ်ဆေးတွေ့ရှိရပါကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)