![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/67_2.png?itok=0GxFDnAt)
ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်အတွင်းရှိ ထုံးပုံကျေးရွာအုပ်စု၊ စာဖြူစုကျေးရွာတွင် ရုံးပတီသီး သီးနှံကို ၂ဧက စိုက်ပျိုးလျက်ရှိပြီး ယခုနှစ်တွင် ဟင်းသီးဟင်းရွက်စိုက်ဧက ဓနုဖြူတွင် ဧက ၈၆၁ ဧက စိုက်ပျိုးထားရှိကြောင်း သိရသည်။
မျိုးအနေဖြင့် ရုံးပတီသီး(Finger-1) သီးနှံကို တစ်ထုပ်လျှင် ၆၅၀၀၀-၇၅၀၀၀ကျပ်နှုန်းဖြင့် ဝယ်ယူ၍ တစ်ဧကလျှင် မျိုးထုပ် ၇ ထုပ်ခန့် စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးမှုအနေဖြင့် မျိုးစေ့များကို မြေချ၍ စိုက်ပျိုးပြီး ၊ အပင်တစ်ပင်လျှင် ရုံးပတီ အတောင် ၄၀-၅၀ခန့်ထွက်ရှိကြောင်း၊ အောက်တိုဘာလတွင် စတင်စိုက်ပျိုးပြီး ၄၅ရက်တွင် ရုံးပတီသီးကို စတင်ခူးဆွတ် ကြောင်း၊ ရုံးပတီးသက်တမ်းမှာ ၃လထိရှိ၍ လှိုင်လှိုင်ထွက်ပေါ်လျက်ရှိကြောင်း၊ စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျ စရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် တစ်ဧကလျှင် ငွေကျပ် ၂၀သိန်း ခန့် ကုန်ကျပြီး အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ရုံးပတီသီး အတောင့်ရေ ၁၀၀၀၀၀-၁၂၀၀၀၀ ခန့် ထွက်ရှိကြောင်း သိရသည်။
ဈေးနှုန်းအနေဖြင့် ဒီဇင်ဘာလတွင် ရုံးပတီသီး လက်ကားဈေး အတောင့် ၁၀၀လျှင် ငွေကျပ် ၃၀၀၀-၅၀၀၀ ဖြင့် ရောင်းချရပြီး တစ်ဧကအကျိုးအမြတ်အနေဖြင့် ငွေကျပ် ၁၀သိန်းကျော်ခန့် ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ထောက်ကြန့်မြို့နယ် ဟင်းသီး ဟင်းရွက် ဒိုင်များသို့ တင်ပို့ရပြီး ထွက်ပေါ်ချိန်တွင် ဈေးနှုန်းကောင်းမွန်မှုကြောင့် အကျိုးအမြတ် များ ရရှိကြောင်း သိရသည်။
DOCA (ဧရာဝတီ)