
ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် သီရိမင်္ဂလာဈေးတွင် ဒီဇင်ဘာလ (၁၀) ရက်နေ့မှ ဒီဇင်ဘာလ (၁၇) ရက် နေ့အထိဖြစ်ပေါ်ခဲ့သော ပြင်ဦးလွင် မှ ဘောက်သီး တစ်ပိဿာ အလုံးကြီး ကျပ် ၁၂၀၀၀၊ အလုံးလတ် ကျပ် ၁၀၀၀၀၊ ပြည် မှ ဆီးသီး(ချဉ်) တစ်ပြည် ကျပ် ၂၅၀၀၊ ပြင်ဦးလွင် မှ စတော်ဘယ်ရီ တစ်ဗူး ကျပ် ၃၅၀၀၊ ရဲမွတ်တပ်မြို့ မှ ဖရဲသီး(ဘာဟုဘာလီ) အလုံးကြီး ကျပ် ၅၀၀၀၊ အလုံးလတ် ကျပ် ၄၀၀၀၊ အလုံးသေး ကျပ် ၄၃၀၀၀၊ နောင်ချို မှ ဖရဲသီး (၈၅၅) အလုံးကြီး ကျပ် ၁၃၅၀၀၀၊ အလုံးလတ် ကျပ် ၁၀၀၀၀၊ အလုံးသေး ကျပ် ၈၀၀၀၊ အောင်ပန်း မှ ထောပတ်သီး တစ်လုံး ဈေးနှုန်းမှာ အလုံးကြီး ကျပ် ၁၀၀၀၊ အောင်ပန်း မှ လိမ္မော်သီး တစ်ပိဿာ အလုံးကြီး ကျပ် ၈၀၀၀၊ ပုပ္ပါး မာလာကာသီး အလုံးကြီးအိတ်တစ်အိတ် ကျပ် ၆၀၀၀၀၊ မော်လမြိုင် မှ ကျွဲကောသီး အလုံးကြီး ကျပ် ၆၀၀၀ ၊အလုံးလတ် ကျပ် ၅၀၀၀၊ ယိုးဒယားပန်းသီး တစ်သေတ္တာ ကျပ် ၈၀၀၀၀၊ တောင်ကြီး မှ အာတာလွတ်ဥ တစ်ပိဿာ ကျပ် ၃၀၀၀၊ ကြံခင်း မှ ထန်းမြစ်တစ်စီး ကျပ် ၂၅၀၀၊ တောင်ကြီး မှ စိမ်းစားဥ တစ်ပိဿာ ကျပ် ၁၅၀၀၊ တိုက်ကြီးမှ ကလောဥ တစ်ပိဿာ ကျပ် ၁၂၀၀ တို့ရှိကြောင်း သီရိမင်္ဂလာဈေးရှိ မြန်မာနိုင်ငံသစ်သီးဝလံပန်းမန်ဟင်းသီးဟင်းရွက်စိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း (MFVP) မှ သိရှိရပါသည်။
DOCA(ရန်ကုန်)