
ပြည်တွင်း ပြည်ပဈေးကွက်တွင် အရောင်းအဝယ်ဖြစ်နေသော စက်မှုကုန်ကြမ်း ပီလော ပီနံကို ဧရာဝတီတိုင်းဒေသကြီးအတွင်း နှစ်စဉ် ပီလောပီနံ စိုက်ဧက (၃၀၀၀၀) ခန့် စိုက်ပျိုး လျက်ရှိရာ ပုသိမ်ခရိုင်တွင် ပီလောပီနံ စိုက်ဧက (၂၀၀၀၀) ဝန်းကျင်ဖြင့် အများဆုံး စိုက်ပျိုး လျက်ရှိကြောင်းသိရသည်။
ပီလောပီနံအမှုန့်ကို ပြည်ပတင်ပို့ခြင်းနှင့် ပြည်တွင်းဈေးကွက်တွင် သာကူစေ့ပြုလုပ်ခြင်း၊ မုန့်အမျိုးမျိုးတွင် သုံးစွဲခြင်း၊စားသောက်ကုန်များတွင် အသုံးပြုလျှက်ရှိပြီး ပီလောပီနံမှ အမှုန့် ပြုလုပ်၍ကျန်ရှိသည့် စစ်ဖတ်များကိုလက်တစ်ဆုပ်စာ အလုံးများပြုလုပ်ပြီး အခြောက် လှန်းကာ တိရစ္ဆာန်အစာအဖြစ် အသုံးပြုလျှက်ရှိကြောင်းဈေးကွက်မှသိရသည်။
ပုသိမ်မြို့နယ်တွင် ယခင်နှစ် ပီလောပီနံမှုန့် ၁ပိဿာကျပ် ၂၇၀၀/၂၈၀၀ဈေး ပီလောပီနံ စစ်ဖတ် အလုံး၁တင်းကျပ် ၃၅၀၀/၃၈၀၀ဈေး အရောင်းအဝယ်ဖြစ်၍ ယခုနှစ် ပီလောပီနံမှုန့် ၁ပိဿာ ၂၃၅၀/၂၄၀၀ဈေးနှင့် ပီလောပီနံစစ်ဖတ်အလုံး၁ပိဿာကျပ် ၁၇၀၀/၁၈၀၀ဖြစ်သွား၍ ယခင်နှစ် ဈေးနှုန်းနှင့် ကာလတူ ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက ပီလောပီနံမှုန့် ၁ပိဿာကျပ် ၄၀၀နှင့် ပီလောပီနံစစ်ဖတ် ၁ပိဿာကျပ် ၂၀၀၀ခန့် ဈေးနှုန်းကျဆင်းလျှက်ရှိကြောင်း ပီလောပီနံ ဈေးကွက်မှ သိရသည်။
DOCA (ဧရာဝတီ)