စားသုံးသူဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခြင်း

Powered by Drupal

             ရခိုင်ပြည်နယ်၊ သံတွဲခရိုင် တောင်ကုတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် သံတွဲခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်ထွေ/အုပ်၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်နှင့် မြို့နယ်ကျန်းမာရေးတို့ပါဝင်သော ဌာနဆိုင်ရာပူးပေါင်းအဖွဲ့နှင့်  (၁၂-၅-၂၀၂၂) ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် တောင်ကုတ်မြို့နယ်အတွင်း သောက်ရေသန့်များထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသော သောက်ရေသန့်စက်ရုံများသို့  သွား‌ရောက်၍ စားသုံးသူဘေးအန္တရာယ် ကင်းရှင်းစွာသောက်သုံးနိုင်ရေးနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြမှု ရှိ/မရှိသွားရောက်ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

           ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံရုံး၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ကုတ်မြို့နယ်တာဝန်ခံ ဒေါ်ခင်မေဝင်း(ဒု-ဦးစီးမှူး)မှ သောက်ရေသန့်စက်ရုံပိုင်ရှင်များအား သောက်ရေသန့်ဗူးများပေါ်တွင် (၂၀၁၉)စားသုံးသူကာကွယ်ရေးဥပဒေပါ ပုဒ်မ(၄၁)၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်အညီ ထုတ်လုပ်ဖြန့်ဖြူးရောင်းချရေးနှင့် ဈေးကွက်အတွင်း ဝယ်ယူသုံးစွဲနေကြသော စားသုံးသူများအနေဖြင့် ဘေးအန္တရာယ်ကင်းရှင်းစွာ သုံးစွဲနိုင်ရေးအတွက် အသိပညာပေးရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး သံတွဲခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ခရိုင်တာဝန်ခံမှလည်း ဌာနမှထုတ်ပြန်ထားသော ဥပဒေအကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့ပြီး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

DOCA(ရခိုင်)