၂၀၂၄ခုနှစ် ဒီဇင်ဘာလ တတိယပတ်၏ သီးနှံဈေးနှုန်း၊ ဈေးကွက်နှင့် စီးဆင်းမှုအခြေအနေ

Powered by Drupal

              ရှမ်းပြည်နယ်(တောင်ပိုင်း)အောင်ပန်းဒေသတွင် ပြောင်းသီးနှံမှာ အမြင့်ဈေး (၁၅၀၀)ကျပ်ဖြင့် သာ ဈေးနှုန်းတည်ငြိမ်လျက်ရှိပြီး ပြောင်းဆံများအထွက်ကောင်း၍ ဝယ်လိုအားများသဖြင့် စီးဆင်းမှုမှာကောင်းနေပါသည်။ ကြက်သွန်ဖြူသီးနှံမှာ တစ်ပိဿာလျှင် ထူး ၁-၁၁၅၀၀ကျပ်၊ ထူး ၂-၁၂၅၀၀ကျပ်၊ ထူး ၃-၁၃၅၀၀ကျပ်၊ ထူး ၄-၁၄၅၀၀ကျပ်၊ ထူး ၅-၁၅၅၀၀ကျပ်၊ ထူးလွန်-၁၆၀၀၀ကျပ် နှင့် ဥတစ်လုံး ဆိုဒ်မှာ ၂၅၀၀၀ကျပ် ဈေးဖြင့် ဈေးတည်ငြိမ်လျက်ရှိပြီး စီးဆင်းမှုမှာ ပုံမှန်ဖြစ်နေပါသည်။

               အာလူးသီးနှံမှာ တစ်ပိဿာလျှင် မားကီးနှင့် နယ်သာလန်မျိုးတို့တွင် မားကီး   S2/S1-၇၀၀၀ ကျပ်၊ မျက်နီ S2-၆၅၀၀ကျပ်၊ S1-၆၀၀၀ကျပ်၊ OK မျက်နီ-၅၀၀၀ကျပ်၊ A1 မျက်နီ-၄၀၀၀ကျပ်၊ ဆွဲသီး- ၃၅၀၀ကျပ် နှင့် ဂေါ်လီဆိုဒ်မှာ ၂၅၀၀ကျပ် အသီးသီးဈေးရှိနေကြပြီး အဝင်များသော်လည်း သယ်ယူပို့ဆောင်မှု အခက်အခဲများကြောင့် စီးဆင်းမှုမှာအနည်းငယ်လျော့နည်းခဲ့ပါသည်။

             ချင်းသီးနှံမှာ တစ်ပိဿာလျှင် ချင်းအခက်ကြီး (၃၀၀၀)ကျပ် နှင့် ချင်းဥမမြေနီအလတ်စမှာ (၂၀၀၀-၂၅၀၀)ကျပ်သာဈေးရှိနေပြီး ပြည်တွင်းဈေးကွက်သုံးသာ စီးဆင်းနေပါသည်။

            ကုန်စိမ်းသီးနှံများတွင် ဂေါ်ဖီ (၁၈၀၀-၂၀၀၀)ကျပ်၊ ပန်းမုံလာ (၁၅၀၀-၂၀၀၀)ကျပ်၊ ရွှေပဲ (၄၀၀၀-၄၅၀၀)ကျပ်၊ မုန်ညှင်း (၁၅၀၀-၂၀၀၀)ကျပ်၊ ဖရုံသီး (၁၆၀၀-၁၈၀၀)ကျပ်၊ ခရမ်းသီး (၂၀၀၀- ၂၅၀၀)ကျပ်၊ ခရမ်းချဉ်ဂွတ်ရှယ်သီး (၃၂၀၀)ကျပ်၊ ငြုပ်ပွ (၃၅၀၀-၄၅၀၀)ကျပ်၊ မုန်လာဥနီ (၂၅၀၀- ၃၀၀၀)ကျပ် နှင့် ဘိုစား (၂၂၀၀-၂၅၀၀)ကျပ် အသီးသီးဈေးရှိနေကြပြီး ပန်းမုံလာ၊ ရွှေပဲ၊ ငြုပ်ပွ နှင့်  ခရမ်းချဉ်သီးနှံတို့မှာ ဈေးကွက်အဝင်များလာ၍ ဈေးနှုန်းအနည်းငယ်ကျဆင်းသွားပြီး ကျန်ကုန်စိမ်းသီးနှံများမှာ ဈေးနှုန်းထူးခြားစွာ ပြောင်းလဲမှုမရှိဘဲ လမ်းပန်းသယ်ယူပို့ဆောင်မှု အခက်အခဲများကြောင့် ယခုအပတ်တွင် စီးဆင်းမှုမှာ လျော့နည်းသွားကြောင်း လေ့လာသိရှိရပါသည်။

DOCA(ရှမ်း)