ကျိုင်းတုံမြို့မုန်လာဥနီ ဈေးကွက်

Powered by Drupal

           ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများတွင်  မိုးသီးနှံ ဒေသထွက်ကုန်တစ်မျိုးဖြစ်သော မုန်လာဥနီကို မြေလွတ်မြေရိုင်း ဥယာဉ်ခြံများ၌ တစ်ပိုင်တစ်နိုင်စိုက်ပျိုးကြပါသည်။ ယခုနှစ် နိုဝင်ဘာလ၊ ဒီဇင်ဘာလတွင် ထွက်ရှိသော မုန်လာဥနီသည် ကျိုင်းတုံမြို့မဈေးကြီးသို့ တစ်ရက်လျှင် မုန်လာဥနီ အလုံးအရေအတွက် (၂၀၀၀ မှ ၂၅၀၀) ခန့် ဝင်ရောက်လျက်ရှိပြီး အရောင်းအဝယ်ကောင်းမွန်နေကြောင်း ကျိုင်းတုံမြို့မဈေး၌ ကုန်စိမ်းရောင်းချလုပ်ကိုင်သူထံမှ သိရပါသည်။

          ယခု ဒီဇင်ဘာလတွင် ကျိုင်းတုံမြို့မဈေး၌ လက်ရှိရောင်းတန်းဝင် မုန်လာဥနီတစ်လုံးလျှင် အကြီးအသေးပေါ်မူတည်၍ (၁၀၀၀ မှ ၂၀၀၀)ကျပ် ခန့်အထိ ရောင်းချကြပါသည်။ ကျိုင်းတုံမြို့နယ်အတွင်း ထွက်ရှိသောမုန်လာဥနီများသည် အရည်အသွေးကောင်းမွန်ပြီး ဓာတုဆေးကင်းလွတ်၍ ကျန်းမာရေးနှင့်ညီညွှတ်ခြင်းကြောင့် အရောင်းအဝယ်ကောင်းပြီး တစ်ပိုင်တစ်နိုင်စိုက်ပျိုးသည့်တောင်သူများ ဝင်ငွေရရှိနေကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)