မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်ဦးစီးမှူးရုံးမှ တောင်တွင်းကြီးမြို့နယ်တာဝန်ခံသည် (၁၈.၁၂.၂၀၂၄) ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် အားကစားနှင့် ကာယပညာဦးစီးဌာန၊ မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနတို့နှင့်အတူ ဂုံကြမ်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ပေးရေး အသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်တာဝန်ခံက ကုန်အညွှန်းအမှတ်အသားအကြောင်း သိကောင်းစရာများနှင့် စားသုံးသူအခွင့်အရေး (၈)ချက်ကိုလည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှဝန်ထမ်းက လူငယ်စည်းကမ်းနှင့် အားကာသိပ္ပံအကြောင်းများကိုလည်းကောင်း၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ စခန်းမှူးက မိုးလေဝသအကြောင်း သိကောင်းစရာများကိုလည်းကောင်း အသီးသီးဟောပြောခဲ့ကြားကြောင်း သိရှိရပါသည်။
DOCA(မကွေး)