သပြေစိုက်ပျိုး ပုံမှန်ဝင်ငွေတိုး

Powered by Drupal

            စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်း ချင်းတွင်းမြစ်ရိုးအရှေ့ဖက်တွင်တည်ရှိသော ညောင်ဖြူပင်၊ သစ်ဆိမ့်၊ ထနောင်းတော၊ နဂါးတွင်းကျေးရွာများသည်  သပြေနှင့်ပန်းမာန်ဥယျာဉ် စိုက်ပျိုးခြင်းလုပ်ငန်းများကို အဓိကထားလုပ်ကိုင်ခြင်းဖြင့် ပုံမှန်ဝင်ငွေရရှိလျက်ရှိကြောင်း သိရသည်။

          အဓိကထားစိုက်ပျိုးသော သပြေအမျိုးအစားများမှာ သပြေ(ရိုးရိုး)၊ ပတ္တမြားသပြေ၊ ကျောက်စိမ်းသပြေနှင့် အာဆီယံသပြေများဖြစ်ပြီး သပြေပျိုးပင်များကို ပြင်ဦးလွင်မြို့နယ်မှမှာယူ စိုက်ပျိုးကြောင်း၊ စိုက်ပျိုးပြီး တစ်လ(၃)ကြိမ်ရေသွင်းပေးပြီး ပိုးသတ်ဆေးဖျန်းပေးကာ နှစ်နှစ်သား အရွယ်ကစပြီး သပြေညွှန့်များကို ခူးဆွတ်ရောင်းချနိုင်ကြောင်း၊ ဈေးကွက်အနေဖြင့် သပြေအစည်း (အသေး)တစ်ထုံးလျှင် ၃၀၀၀ကျပ် နှင့် သပြေအစည်း(အကြီး) တစ်ထုံးလျှင် ၅၀၀၀ကျပ် နှုန်းဖြင့် မြို့ပေါ်ရှိပန်းဆိုင်များသို့ ပုံမှန်တင်ပို့ရောင်းချလျက်ရှိပြီး တစ်ဆင့်ပြန်လည်ရောင်းချကြသည့် လက်လီပန်းရောင်းသူများနှင့် အလှူပွဲ၊ မင်္ဂလာအခမ်းအနား၊ ပန်းအလှဆင်သူများကလည်း ခြံအရောက်လာရောက် ဝယ်ယူမှုများရှိကြောင်း၊ သပြေတစ်ဧက စိုက်ပျိုးထားရှိလျှင် အနည်းဆုံး တစ်လဝင်ငွေ ကျပ်၆၅၀၀၀မှ ကျပ်၇၀၀၀၀ကြား ပုံမှန်ဝင်ငွေရရှိကာ တွက်ခြေကိုက်ကြောင်း သပြေစိုက်ပျိုးတောင်သူများထံမှ သိရှိရသည်။

          သပြေပျိုးပင်များကိုလည်း အပင်အရွယ်အစားအပေါ်မူတည်၍ တစ်ပင်လျှင် ၃၀၀ကျပ်မှ ၁၀၀၀ကျပ်နှုန်းဖြင့် ပြန်လည်ရောင်းချလျက်ရှိကာ ပုံမှန်ဝင်ငွေအပြင် အပိုဝင်ငွေရလျက်ရှိကြောင်း သိရပါသည်။

DOCA(စစ်ကိုင်း)