တောင်တွင်းကြီးမြို့၊ ရွာသာကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပ

Powered by Drupal

          မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်ဦးစီးမှူးရုံးမှ တောင်တွင်းကြီးမြို့နယ်တာဝန်ခံသည် (၁၉.၁၂.၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၃:၃၀)နာရီအချိန်တွင် အားကစားနှင့်ကာယပညာဦးစီးဌာန၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနတို့နှင့် အတူ ရွာသာကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း (ခွဲ)၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

       မြို့နယ်တာဝန်ခံက ကုန်စည်တစ်ခုတွင်ပါဝင်ရမည့် ကုန်အညွှန်းအမှတ်အသားများအကြောင်းကိုလည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဝန်ထမ်းက အားကစားနှင့် လူငယ်စည်းကမ်းချက် များအကြောင်းကိုလည်းကောင်း၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ စခန်းမှူးက ရာသီဥတု (၃)ပါးအကြောင်းနှင့် မုန်တိုင်းသည် ဘယ်အချိန်ကျရောက်မလဲသိကောင်းစရာများကိုလည်းကောင်း အသီးသီးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)