စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံသည်(၁၈.၁၂.၂၀၂၄)ရက်နေ့ နေ့လည် (၁၄:၀၀)နာရီအချိန်တွင် အင်္ဂပူမြို့နယ် ပန်းတင်ကျေးရွာအုပ်စုရှိ ဘုန်းကြီးကျောင်းတန်ဆောင်း အတွင်း၌ စားသုံးသူပြည်သူ(၄၀)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းများ ကိုဆောင်ရွက်ခဲ့ပါသည်။
ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးဘိုဘိုမှ စားသုံးသူကာကွယ်ရေးဥပဒေများအကြောင်း၊ စားသုံးကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များအကြောင်း၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ သိကောင်းစရာများအကြောင်း၊ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုကို ဝယ်ယူအသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသည့် နစ်နာဆုံးရှုံးမှုများနှင့် စပ်လျဉ်း၍ ကုစားခွင့်ရရှိခြင်းများအကြောင်း၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်း၊ ဈေးကွက်အတွင်းရောင်းချနေသော ကုန်ပစ္စည်းများကို ရွေးချယ်ဝယ်ယူအသုံးပြုတတ်စေရန် အသိပညာပေးခြင်းများ၊ စားသုံးသူမိဘပြည်သူများအနေဖြင့်လည်း စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း သိရှိလိုပါက www.doca.gov.mm Website တွင် ဝင်ရောက်လေ့လာနိုင်ကြောင်း၊ စသည့်တို့ကို အသိပညာပေးဟောပြောခဲ့ကြောင်းသိရှိရပါသည်။
DOCA(ဧရာဝတီ)