ကမ္ဘောဒီးယားရှိ Dara Sakor လေဆိပ်သည် ပြည်တွင်း စင်းလုံးငှားလေယာဉ်ခရီးစဉ်များ စတင်ပြေးဆွဲရန်စီစဉ်

Powered by Drupal

          ကမ္ဘောဒီးယားနိုင်ငံ အနောက်တောင်ပိုင်းရှိ Kho Kong ပြည်နယ်တွင် အသစ် တည်ဆောက်ထားသော Dara Sakor အပြည်ပြည်ဆိုင်ရာလေဆိပ်သည် ပြည်တွင်းစင်းလုံးငှား လေယာဉ်ခရီးစဉ်များကို စတင်ပြေးဆွဲမည်ဖြစ်ကြောင်း  ကမ္ဘောဒီးယားနိုင်ငံ မြို့ပြလေကြောင်း ဆိုင်ရာအတွင်းဝန်ရုံး(SSCA)ပြောရေးဆိုခွင့်ရှိသူ Sinn Chanserey Vutha ကပြောကြားခဲ့သည်။ Sinn Chanserey Vutha က ဖနွမ်းပင်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် Dara Sakor အပြည်ပြည် ဆိုင်ရာလေဆိပ်တို့အကြား ပထမဆုံးပြည်တွင်းစင်းလုံးငှားလေယာဉ် စမ်းသပ်ပျံသန်းမှုကို       ၂၆-၁၂-၂၀၂၄ ရက်နေ့တွင် ပြုလုပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထိုခရီးစဉ်များသည် Kho Kong ပြည်နယ်နှင့် ကမ္ဘောဒီးယားနိုင်ငံတွင် စီးပွားရေး၊ ခရီးသွားလုပ်ငန်းများနှင့် စက်မှု လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးတို့တွင် သိသိသာသာအထောက်အကူဖြစ်စေမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ လက်ရှိတွင် ကမ္ဘောဒီးယားနိုင်ငံ၌ ဖနွမ်းပင်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ Siem Reap Angkor အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် Sihanouk အပြည်ပြည်ဆိုင်ရာလေဆိပ်တို့ လည်ပတ်လျက်ရှိပြီး Dara Sakor အပြည်ပြည်ဆိုင်ရာလေဆိပ်သည်  တစ်နှစ်လျှင်ခရီးသည် ၇ သန်းခန့်အား ဝန်ဆောင်မှုပေးလျက်ရှိပြီး ၂၀၃၀ ခုနှစ်မှ ၂၀၅၀ ခုနှစ်အထိ ရေရှည်တွင် သန်း ၂၀ သို့ တိုးမြင့်သွားမည်ဖြစ်ကြောင်းထပ်မံပြောကြားခဲ့သည်။

DOCA(ရန်ကုန်)