ကမ္ဘောဒီးယားနိုင်ငံ အနောက်တောင်ပိုင်းရှိ Kho Kong ပြည်နယ်တွင် အသစ် တည်ဆောက်ထားသော Dara Sakor အပြည်ပြည်ဆိုင်ရာလေဆိပ်သည် ပြည်တွင်းစင်းလုံးငှား လေယာဉ်ခရီးစဉ်များကို စတင်ပြေးဆွဲမည်ဖြစ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံ မြို့ပြလေကြောင်း ဆိုင်ရာအတွင်းဝန်ရုံး(SSCA)ပြောရေးဆိုခွင့်ရှိသူ Sinn Chanserey Vutha ကပြောကြားခဲ့သည်။ Sinn Chanserey Vutha က ဖနွမ်းပင်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် Dara Sakor အပြည်ပြည် ဆိုင်ရာလေဆိပ်တို့အကြား ပထမဆုံးပြည်တွင်းစင်းလုံးငှားလေယာဉ် စမ်းသပ်ပျံသန်းမှုကို ၂၆-၁၂-၂၀၂၄ ရက်နေ့တွင် ပြုလုပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထိုခရီးစဉ်များသည် Kho Kong ပြည်နယ်နှင့် ကမ္ဘောဒီးယားနိုင်ငံတွင် စီးပွားရေး၊ ခရီးသွားလုပ်ငန်းများနှင့် စက်မှု လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးတို့တွင် သိသိသာသာအထောက်အကူဖြစ်စေမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ လက်ရှိတွင် ကမ္ဘောဒီးယားနိုင်ငံ၌ ဖနွမ်းပင်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ Siem Reap Angkor အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် Sihanouk အပြည်ပြည်ဆိုင်ရာလေဆိပ်တို့ လည်ပတ်လျက်ရှိပြီး Dara Sakor အပြည်ပြည်ဆိုင်ရာလေဆိပ်သည် တစ်နှစ်လျှင်ခရီးသည် ၇ သန်းခန့်အား ဝန်ဆောင်မှုပေးလျက်ရှိပြီး ၂၀၃၀ ခုနှစ်မှ ၂၀၅၀ ခုနှစ်အထိ ရေရှည်တွင် သန်း ၂၀ သို့ တိုးမြင့်သွားမည်ဖြစ်ကြောင်းထပ်မံပြောကြားခဲ့သည်။
DOCA(ရန်ကုန်)