ဒီဇင်ဘာလ စတုတ္ထအပတ်တွင် သုံးခွမြို့နယ်၌ အခြေခံစားသောက်ကုန်များဖြစ်သော ဆန်ကြမ်း၊ ဆန်ချောအမျိုးအစားအလိုက် ဧည့်မထတစ်ပြည်လျှင်(၃၃၀၀-၃၆၀၀)ကျပ်ထိ၊ ဧရာဝတီပေါ်ဆန်း တစ်ပြည်လျှင်(၅၀၀၀-၆၀၀၀)ကျပ်၊ ကျားပျံတစ်ပြည်လျှင်(၅၀၀၀-၆၀၀၀) ကျပ်၊ စားအုန်းဆီ တစ်ပိဿာလျှင်ယခင်ပတ်တွင်(၇၇၅၀)ကျပ်၊ ယခုပတ်တွင်(၇၇၅၀)ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်လျှက်ရှိပြီး၊ ပဲဆီတစ်ပိဿာလျှင်(၂၀၀၀၀)ကျပ်ဖြင့်လည်းကောင်း၊ ကြက်သွန်နီ အသစ်ဆိုဒ်စုံ တစ်ပိဿာလျှင်(၂၅၀၀-၄၅၀၀)ကျပ်၊ ကြက်သွန်ဖြူ(ရှမ်းစ) တစ်ပိဿာလျှင် (၁၈၀၀၀-၂၀၀၀၀)ကျပ်၊ အိုင်အိုဒင်းဆားတစ်ထုပ်လျှင်(၃၀၀)ကျပ်၊ ငြုပ်တောင့်(အရှည်) တစ်ပိဿာလျှင် (၉၀၀၀-၁၄၀၀၀)ကျပ်၊ ကုလားပဲဇံခြမ်းတစ်ပိဿာလျှင်(၇၂၀၀)ကျပ်၊ အာလူး တစ်ပိဿာလျှင် (၇၀၀၀-၈၀၀၀)ကျပ်၊ သကြားတစ်ပိဿာလျှင်(၅၆၀၀)ကျပ်၊ ကြက်ဥတစ်လုံး လျှင်(၃၈၀-၄၀၀)ကျပ်နှင့် ဘဲဥတစ်လုံးလျှင် (၅၅၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိပါ သည်။
အလားတူ ဗမာကြက်တစ်ပိဿာလျှင်(၂၅၀၀၀-၃၀၀၀၀)ကျပ်၊ CPကြက်တစ်ပိဿာလျှင် (၂၀၀၀၀-၂၅၀၀၀)ကျပ်၊ ဝက်သားတစ်ပိဿာလျှင်(၂၀၀၀၀-၂၅၀၀၀)ကျပ်၊ အမဲသားတစ်ပိဿာ လျှင် (၂၂၀၀၀-၂၅၀၀၀)ကျပ်၊ ဆိတ်သားတစ်ပိဿာလျှင်(၂၅၀၀၀-၂၇၀၀၀)ကျပ်၊ ငါးမြစ်ချင်း တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ် စသည့်ဖြင့်လည်းကောင်း ဈေးနှုန်းအသီးသီးတို့ဖြင့် ရန်ကုန်တိုင်း ဒေသကြီး သုံးခွမြို့နယ်၊ စည်ပင်သာယာမြို့မဈေးအတွင်း အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း သိရပါသည်။
ယခင်ပတ်နှင့်ယခုပတ်နှိုင်းယှဉ်ရာတွင် ဆန်ကြမ်း၊ ဆန်ချောဈေးနှုန်းများ၊ အသား၊ငါး ဈေးနှုန်းများနှင့် စားသောက်ကုန်ပစ္စည်း(ကုန်ခြောက်)ဈေးနှုန်းများ၊ စားအုန်းဆီဈေးနှုန်းမှာ တည်ငြိမ်လျှက်ရှိကြောင်း သိရှိရသည်။
DOCA(ရန်ကုန်)