ပဲခူးမြို့ပေါ်ရှိ ဆေးဆိုင်များသို့ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းနှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှု ရှိ မရှိ ကွင်းဆင်းစစ်ဆေး

Powered by Drupal

             စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဦးစိုးမိုး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ ဦးကျော်ဆန်းဝင်း၊ ပဲခူးမြို့နယ်တာဝန်ခံ ဦးစိုးဝင်းနှင့် အဖွဲ့သည်  (၁၉.၁၂.၂၀၂၄) ရက်နေ့၊ နေ့လယ် (၁၄:၃၀) အချိန်တွင် ပဲခူးမြို့ပေါ်ရှိ ဆေးဆိုင်များသို့သွားရောက်၍ ဆေးဝါးပြတ်လပ်မှုရှိ/ မရှိ၊ တိုင်းရင်းဆေးများပေါ်တွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှုရှိ/ မရှိနှင့် ဈေးနှုန်းအခြေအနေများအား ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

           ထို့သို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံမှ ပဲခူးမြို့ပေါ်ရှိ ဆေးဆိုင်များတွင်ရောင်းချနေသော တိုင်းရင်းဆေးများကိုစစ်ဆေးခဲ့ရာ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ နှင့် အညီ ကုန်အညွှန်းအမှတ်အသားများကို  မြန်မာဘာသာဖြင့်ပြည့်စုံစွာဖော်ပြထားသည်ကို တွေ့ရှိရကြောင်း၊  မိမိတို့လိုအပ်သောဆေးဝါးများကို အခက်အခဲမရှိ ဝယ်ယူရရှိနေကြောင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိကြောင်းတွေ့ရှိရပြီး ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားရှိခြင်းကိုတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဆေးပစ္စည်းရောင်းချသော ဆိုင်ပိုင်ရှင်များအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)