တောင်ငူခရိုင်အတွင်း E-Cigarette and Vape ရှောင်တင်ခင်စစ်ဆေး

Powered by Drupal

              တောင်ငူခရိုင်အတွင်း မြို့နယ်များရှိ စတိုးဆိုင်များနှင့် Vape ရောင်းချသည့်ဆိုင်များတွင် E-Cigarette and Vape ရောင်းချခြင်းအား ရှောင်တခင်စစ်ဆေးရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက် ပေးနိုင်ပါရန် သက်ဆိုင်ရာမြို့နယ် အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ရေးကော်မတီက ညှိနှိုင်းလာပါသဖြင့် စားသုံးသူရေးရာဦးစီးဌာန သက်ဆိုင်ရာမြို့နယ်များရှိ စစ်ဆေးရေးမှူးများက ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပါသည်။

              တောင်ငူမြို့ရှိ အရောင်းဆိုင်များအား ဒီဇင်ဘာလ ၁၉ ရက်နေ့ နံနက်ပိုင်းက မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါက်တာဒေါ်နီလာခင်ဦးဆောင်၍ စားသုံးသူရေးရာ ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးနေစိုးထက်ကလည်းကောင်း၊ ရေတာရှည်မြို့ရှိ အရောင်းဆိုင်များအား ဒီဇင်ဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းက မြို့နယ်ဆေးရုံအုပ်ကြီး ဒေါက်တာနန္ဒညီဆွေ ဦးဆောင်၍ စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဇော်ဇော်ထွေးက လည်းကောင်း၊ ဖြူးမြို့ရှိ အရောင်း ဆိုင်များအား မြို့နယ်ဆေးရုံအုပ်ကြီး ဒေါက်တာအောင်ကျော်မိုးဦးဆောင်၍ စားသုံးသူရေးရာဦးစီး ဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သန္တာစိုးကလည်းကောင်း ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပါသည်။

              ပူးပေါင်းအဖွဲ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများကလည်း ပါဝင် ဆောင်ရွက်ခဲ့ကြောင်း၊ ဖြူးမြို့ရှိ အရောင်းဆိုင်အချို့၌ E-Cigarette and Vape ရောင်းချခြင်းကို တွေ့ရှိရသဖြင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆက်လက်ရောင်းချခြင်းမပြုရန် ခံဝန်ကတိပြု လက်မှတ်ရေးထိုးစေပြီး ဆက်လက်ရောင်းချကြောင်း တွေ့ရှိရပါက ဥပဒေနှင့်အညီ အရေးယူခြင်းခံရမည်ဖြစ်ကြောင်းကို အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)