ဗန်းမော်မြို့ရှိဆေးနှင့်ဆေးပစ္စည်းဆိုင်၊ စတိုးဆိုင်များသို့ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း

Powered by Drupal

               ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ ၁၂.၅.၂၀၂၂ ရက်နေ့ နံနက် ၁၀:၃၀ နာရီအချိန်တွင် ဗန်းမော်မြို့တွင်းရှိ ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင်များ၊ စတိုးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

              ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကုန်စည်များထည့်သွင်းရောင်းချသည့် ဘူးများ၊ အထုပ်များ၊ အိတ်များ၏အပေါ်တွင် ကုန်အညွှန်းအမှတ်အသားကို စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်ဖော်ပြထားခြင်းရှိ၊ မရှိနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့် ရောင်းချ သည့်ကုန်စည်အခြေအနေ ကိုက်ညီမှု ရှိမရှိစစ်ဆေးဆောင်ရွက်ခြင်းနှင့် စီးပွားရေးလုပ်ငန်းရှင်များ၏ လိုက်နာရမည့်တာဝန်များအား ရှင်းလင်းဆွေးနွေးခဲ့ပြီး ကုန်စည်အုပ်စုအလိုက် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)