၂။ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်နေ တိုင်ကြားသူ တစ်ဦးသည် ကားအရောင်းစင်တာတစ်ခုမှ ကားတစ်စီး ဝယ်ယူခဲ့သည့် ကိစ္စနှင့်ပက်သက်၍ နစ်နာမှုများ ပေါ် ပေါက်လာသောကြောင့် Email မှတဆင့် တိုင်ကြားလာ ပါသည်။
ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။ တိုင်ကြားမှုနှင့်ပတ်သက်၍ အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ၁၈-၁၁-၂၀၂၄ ရက်နေ့တွင် တိုင်ကြားခံရသည့် ကားအရောင်းစင်တာမှတာဝန် ရှိသူတို့အား အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးသို့ ခေါ်ယူတွေ့ဆုံဆွေးနွေးခဲ့ရာ မိမိတို့ Car showroom အနေဖြင့် Use Car ရောင်းချလိုက်ခြင်းဖြစ်ကြောင်း၊ ကညနတွင် တရားဝင်စစ်ခိုင်းပါကြောင်း၊ Plus ကောင်း/မ ကောင်းမမြင်နိုင်ပါကြောင်း၊ Battery မှာလည်း ဝယ်ယူသူရှေ့တွင် စက်ဖွင့်စမ်းသပ်နိုင်ပါ ကြောင်း၊တာယာ(၂)လုံးအားလည်း ပုံစံတူလဲပေးလိုက်ပါကြောင်း၊ ဝယ်ယူသူကိုယ်တိုင် စိတ်ကြိုက် အလုံးစုံ စစ်ဆေးစမ်းသပ်ပြီးမှ စရံငွေပေးချေရခြင်းဖြစ်ပြီး ၁၃-၉-၂၀၂၄ ရက်နေ့ ငွေအားလုံးပေးချေပြီး ကားအပ်လိုက်ခြင်းဖြစ်ပါကြောင်း၊ မိမိတို့ Showroom အနေဖြင့်ဖွင့်လှစ်ရောင်းချနေသည့် သက်တမ်း တွင် တိုင်ကြားခံရခြင်းမျိုး မရှိခဲ့ဖူးကြောင်း၊ ယခုဖြစ်စဉ်မှာ ပထမဆုံးဖြစ်ပြီး လိမ်လည်ရောင်းချခြင်း မျိုးလည်းမပြုလုပ်ခဲ့ပါကြောင်း ပြောကြားခဲ့ပြီး Battery နှင့် တာယာလဲလှယ်ထားသော ကုန်ကျ ငွေကျပ် ၇၅၀,၀၀၀-/ကျပ်ကို ၂၈-၁၁-၂၀၂၄ ရက်နေ့ တွင် K pay ဖြင့် လွှဲပေးမည်ဖြစ်ပါကြောင်းနှင့် နောက်နောင်အလားတူ ဖြစ်စဉ်မျိုး မဖြစ်ပေါ် စေရန် အလေးထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။ ဌာနမှ တာဝန်ရှိသူက တိုင်ကြားသူထံ ဖုန်းဖြင့်ဆက်သွယ်ပြောကြားခဲ့ရာ ကျေနပ်မှုရှိပါကြောင်း ပြောကြားခဲ့ပါသဖြင့် တိုင်ကြားမှုအား ပိတ်သိမ်းဆောင်ရွက်ခဲ့ပါသည်။
DOCA(Consumer)