ဓာတ်မြေဩဇာဈေးနှုန်းများ မြှင့်တက်လျှက်ရှိ

Powered by Drupal

            ကယားပြည်နယ်တွင် သီးနှံများ စိုက်ပျိုးရာသီချိန် ရောက်ရှိလာပြီးဖြစ်သဖြင့် ဈေးကွက်အတွင်း သွင်းအားစုဖြစ်သည့် ဓာတ်မြေဩဇာများ အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။ ဈေးကွက်အတွင်း ဓာတ်မြေဩဇာ ဈေးနှုန်းများမှာ ရွေဒင်္ဂါး(50kg) (၅၃၀၀၀)ကျပ်၊GBS. (50k) (၆၅၀၀၀)ကျပ်၊ နေရွက်လှေ (50kg) (၉၀၀၀၀)ကျပ်၊ ရွှေမြင်းပျံ (50kg) (၉၆၀၀၀)ကျပ် ၊ အာမို (50kg)(၇၀၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိပြီး ယခင်နှစ်စိုက်ပျိုးရာသီချိန် ဓာတ်မြေဩဇာ ဈေးနှုန်းများထက် ယခုနှစ်တွင် ထက်ဝက်ခန့် မြင့်တက်လျှက်ရှိကြောင်း၊ ဈေးနှုန်းမြှင့်တက်ရခြင်းမှာ စက်သုံးဆီဈေးနှုန်း မြှင့်တက်လာသဖြင့် သယ်ယူစရိတ် မြှင့်တက်လာခြင်း၊ မူလဝယ်ရင်းဈေးနှုန်းများ မြှင့်တက်လာခြင်းကြောင့်ဖြစ်သည်ဟု ရွှေပြည်ဟိန်း ဓာတ်မြေဩဇာရောင်းဝယ်ရေးလုပ်ငန်းရှင် တစ်ဦးထံမှသိရပါသည်။

DOCA(ကယား)