
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်သည် လယ်ယာစိုက်ပျိုးထုတ်လုပ်သောမြို့ဖြစ်ပြီး ကျေးလတ် နေပြည်သူနှင့် မြို့နေလူအများစုမှာ စိုက်ပျိုးရေး၊ မွေးမြူရေးဖြင့် လုပ်ကိုင်ဆောင်ရွက်လျက်ရှိပြီး အဓိကစိုက်ပျိုးသောသီးနှံများမှာ စပါး၊ ပဲမျိုးစုံ၊ နှမ်း၊ ဝါများဖြစ်ကြောင်း၊ ဝါများကို ၂၀၂၄ ခုနှစ်တွင် (၂၇၉၂၃)ဧက စိုက်ပျိုးခဲ့ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ဝါစိုက်ပျိုးဧကများပြားသော်လည်း ရာသီဥတုကြောင့် ဝါစိုက်ခင်းတစ်ချို့ ပျက်စီးမှုများရှိနေပြီး ဝါအထွက်နှုန်းကျဆင်းကြောင်း၊ ဝါစျေးနှုန်း(၁)ပိဿာလျှင် ကျပ်(၄၀၀၀)မှ (၅၀၀၀) အထိ ရှိကြောင်း၊ ထွက်ရှိလာသောဝါများကို မြို့ပေါ်ရှိ ဝါကြိတ်စက်များသို့ တင်ပို့ရောင်းချကြောင်း သိရသည်။
DOCA(မကွေး)