မုံရွာခရိုင်အတွင်း ဆီစက်များ၏အခြေအနေ

Powered by Drupal

             နိုင်ငံတော်အနေဖြင့် ပြည်သူများကျန်းမာရေးရှု့ထောင့်အရ ဆီစားသုံးမှုလျှော့ချနိုင်ရေး၊ ပြည်တွင်း၌ စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများပိုမိုတိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ စားသုံးဆီထုတ်လုပ်မှုတိုးတက်စေရေးနှင့် ထုတ်လုပ်သည့်စားသုံးဆီများ ဈေးကွက်ဝေစုပိုမိုရရှိ လာစေရေး၊ ပြည်တွင်းဆီစက်လုပ်ငန်းများ၊ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး၊ အလုပ်အကိုင်အခွင့် အလမ်းများတိုးပွားလာစေရေး၊ ဆီထွက်သီးနှံကဏ္ဍ(Supply Chain)တစ်လျှောက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံခြားငွေအသုံးပြုမှုလျော့နည်းသက်သာစေရေးတို့အတွက် မူဝါဒများချမှတ်ဆောင်ရွက်လျက်ရှိပါသည်။

             စစ်ကိုင်းတိုင်း‌ဒေသကြီး၊ မုံရွာခရိုင်၌ ယခုအချိန်တွင် ဆီထွက်သီးနှံလက်ကျန်အနေဖြင့် သီးနှံပေါ်ချိန်ကျော်လွန်သွားပြီဖြစ်၍ တောင်သူ၊ ကုန်သည်များတွင် လက်ကျန်အနည်းငယ်သာ ကျန်ရှိကြောင်း၊ ဆီစက်များတွင်လုပ်ငန်းလည်ပတ်ကြိတ်ခွဲထုတ်လုပ်ရန်အတွက်သာ ကျန်ရှိနေကြကြောင်း၊ ယခုရာသီသည် မိုးမြေပဲစိုက်ပျိုးရန် မျိုးဝယ်ယူစုဆောင်းရချိန်ဖြစ်ခြင်း၊ မိုးနှောင်းဆီ ထွက်သီးနှံအားနည်းသည့်နှစ်ဖြစ်ခြင်း၊ ဆီထွက်သီးနှံဈေးကောင်းရသဖြင့် တောင်သူများသည်မျိုးမချန် ဘဲရောင်းချပါက မျိုးရှားပါးမှုအခက်အခဲရှိနိုင်သဖြင့် မြေပဲ၊နှမ်း ပြည်ပတင်ပို့မှု ယာယီပိတ်သည်မှာ ဖြစ်သင့်ပါကြောင်း၊ မြေပဲဆံဈေးနှုန်းကျဆင်းသွားနိုင်သဖြင့် (၁)ပိဿာ ၃၀၀၀/ကျပ် အောက်ရောက်လျှင် တောင်သူများအရှုံးပေါ်နိုင်ကြောင်း၊ သို့ရာတွင် စားအုန်းဆီဈေးနှုန်းများစွာ လျော့နည်းကျဆင်းခြင်း မဖြစ်ဘဲ (၁)ပိဿာလျှင် ၆၅၀၀/ကျပ်ခန့်တွင် တည်ငြိမ်အောင် သွင်းကုန်ကန့်သတ်မှုရှိနေပါက ‌‌‌‌ပဲဆီသုံး စွဲမှုအရ မြေပဲဆံဈေးနှုန်းအလွန်အမင်း ကျဆင်းသွားနိုင်ခြေမရှိကြောင်း၊ ဆီထွက်သီးနှံစိုက်ပျိုး တောင်သူများလည်း အကျိုးအမြတ်ရရှိသည့်အပြင် စားသုံးသူများလည်း ထိခိုက်မှုမများနိုင်ကြောင်း လေ့လာသိရှိရပါသည်။

          မုံရွာခရိုင်တွင် ဆီစက်(၁၄၅) စက်စာရင်းရှိသည့်အနက် (၁၂) စက်ရပ်နားထားပြီး အချို့စက်များမှာအခြားလုပ်ငန်းများသို့ပြောင်းလဲလုပ်ကိုင်ခြင်းများတွေ့ရှိရသဖြင့် ၁၂ ရာခိုင်နှုန်းခန့်သာလည်ပတ်နိုင်ကြောင်း၊ ဆီစက်လုပ်ငန်းဖွံ့ဖြိုးတိုးတက်လာမည်ဆိုပါက ရပ်နားထားသောစက်များ ပြန်လည် လည်ပတ်လာနိုင်မည်ဟု သုံးသပ်ရရှိပါသည်။

DOCA(စစ်ကိုင်း)