မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် စပါး ၊ ပဲမျိုးစုံနှ င့် ဆီထွက်သီးနှံများကို အဓိကထားစိုက်ပျိုးကြပြီး မိုးသီးနှံဖြစ်သော မိုးစပါးကိုလည်း အဓိကထားအများဆုံး စိုက်ပျိုး ကြပါသည်။မိုးစပါးစိုက်ပျိုးမှုအနေဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် (၁၄၄၃၅၈)ဧက လျာထားခဲ့ပြီး ကျောက်ဆည်မြို့နယ်တွင် (၅၂၈၁၉)ဧက၊စဉ့်ကိုင်မြို့နယ်တွင်(၂၉၆၂၅)ဧက၊မြစ်သား မြို့နယ်တွင် (၆၂၄၆၄)ဧက၊စုစုပေါင်း(၁၄၄၉၀၈)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ကျောက်ဆည်မြို့နယ်တွင်(၃၁၆၄၁)ဧက၊ စဉ့်ကိုင်မြို့နယ်တွင်(၂၂၉၅၇)ဧက၊မြစ်သားမြို့နယ်တွင်(၅၃၁၈၆)ဧက၊ စုစုပေါင်း(၁၀၇၇၈၄)ဧက၊ ရိတ်သိမ်းနိုင်ခဲ့ပြီး အထွက်နှုန်းအနေဖြင့် (၉၅.၂၀)တင်း ၊ အထွက်စုစုပေါင်း (၁၀၂၇၉၀၄၈)တင်း ထွက်ရှိကြောင်း ၊ ခရိုင်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်းများအရသိရှိရပါသည်။ စိုက်ပျိုးရာတွင်တောင်သူ အများစုမှာ ဧရာပဒေသာ နှင့် မနောသုခမျိုးများအား အဓိကစိုက်ပျိုး ကြပြီး ဇွန် ၊ ဇူလိုင်လများတွင် စတင်စိုက်ပျိုးကြကြောင်း ၊ ယခုအချိန်တွင် ကျောက်ဆည်ခရိုင်၌ မိုးစပါးများဖြိုင်ဖြိုင်ရိတ်သိမ်းနေပြီဖြစ်ကြောင်း (၁)ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု ၊လုပ်သားခအပါအဝင် စုစုပေါင်း(၉၄၀၀၀၀)ကျပ်ကုန်ကျကြောင်း၊ (၁)ဧကထွက်ရှိနေမှု အနေဖြင့် (၈၀-၈၅)တင်း ထွက်ရှိပြီး စပါးဈေးနှုန်းအနေဖြင့် စပါးအရည်အသွေးပေါ်မူတည်ပြီး ဧရာပဒေသာ (၁၀၀)တင်းလျှင် (၂၅၀၀၀၀၀-၂၈၀၀၀၀၀) ကျပ် နှင့်မနောသုခ(၁၀၀)တင်းလျှင် (၂၀၀၀၀၀၀-၂၁၀၀၀၀၀)ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး၊ ဆန်စျေးနှုန်းအနေဖြင့်(၂၄)ပြည် တစ်အိတ် လျှင် ဧရာပဒသာ(သစ်) (၁၁၀၀၀၀-၁၁၅၀၀၀)ကျပ် နှင့် မနောသုခ(သစ်)(၈၀၀၀၀-၈၅၀၀၀) ကျပ် ဖြင့်ရောင်းဝယ်လျက်ရှိပြီး ဒေသတွင်းနှင့်မန္တလေးမြို့သို့ တင်ပို့ရောင်းချလျက်ရှိ ကြောင်းသိရှိရ သည်။
DOCA(မန္တလေး)