ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍(၃-၁-၂၀၂၅)ရက်နေ့နံနက်(၁၀:၀၀)နာရီအချိန်တွင် အမှတ်(၂)ခြေခံပညာအလယ်တန်းကျောင်းရှိဆရာ/ ဆရာမ ၂၈ ဦး၊ကျောင်းသား/ကျောင်းသူ (၂၄၂)ဦး စုစုပေါင်း (၂၇၈)ဦးအား မိမိတို့နေ့စဉ်ဝယ်ယူသုံးစွဲ၊ စားသောက်နေသောစားသောက်ကုန်စည်၊ လူသုံးကုန်စည်များနှင့် ပတ်သက်၍ဝယ်ယူသုံးစွဲရာတွင် သတိပြုရမည့် စားသုံးသကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာကိစ္စရပ်များအား အသိပညာပေးဟောပြောခြင်းနှင့်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးမှ စာဖတ်ခြင်း၏အကျိုးကျေးဇူးအကြောင်း သိကောင်းစရာများဟောပြောဆွေးနွေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)