ပန်းတနော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျေးရွာများရှိ စပါသိုလှောင်ရုံ ပိုင်ရှင်လုပ်ငန်းရှင်များအား လပါတ်အစည်းအဝေးတွင် MyRo တွင် မှတ်ပုံတင်နိုင်ရေး အကြောင်း ရှင်းလင်းဆွေးနွေး

Powered by Drupal

            စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတနော်မြို့နယ်တာဝန်ခံရုံးမှ မြို့နယ်တာဝန်ခံသည် ပန်းတနော် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် (၃၀.၁၂.၂၀၂၄) ရက်နေ့က ဌာနဆိုင်ရာများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာများ လပါတ်အစည်းအဝေးပြုလုပ်ခဲ့ကြောင်းသိရသည်။ တက်ရောက်သူ ကျေးရွာအုပ်ချုပ်ရေးမှူး များကို ကျေးရွာများမှ စပါးသိုလှောင်သူများ ပါရှိပါက  သိုလှောင်ရုံမှတ်ပုံတင်ရန်အတွက် ထပ်ဆင့်အသိပေး အကြောင်းကြားရှင်းလင်း ဆွေးနွေးခဲ့ပြီး ပြည်တွင်းဆန်စပါးဖူလုံရေး၊ ပြည်ပသို့ စနစ်တကျ တင်ပို့ရောင်းချနိုင်ရေး၊ ဆန်စပါးစျေးကွက်နှင့် စျေးနှုန်းတည်ငြိမ်မှန်ကန်စေရေးနှင့် ဆန်စပါးသိုလှောင်မှု အခြေအနေများကို စနစ်တကျ စာရင်းပြုစုမှတ်ပုံတင်ထားနိုင်ရေး၊ သိုလှောင်ရုံကုန်အပ်လက်မှတ်ကို အခြေပြုသည့် ငွေကြေးထောက်ပံ့မှုစနစ်ကို ဖော်ဆောင်နိုင်ရေးတို့အတွက် ပြည်တွင်း၌ လုပ်ကိုင်ဆောင်ရွက် လျက်ရှိသည့် ဆန်စပါးသိုလှောင်ရုံလုပ်ငန်းများအနေဖြင့် စီးပွားရေးလုပ်ငန်းဆောင်ရွက်ရန်အလို့ငှာ ဆန်တန်ချိန် ၂၅ နှင့်အထက် သိုလှောင်ရုံ သို့မဟုတ် စပါးတင်း ၂၅၀၀ နှင့်အထက် သိုလှောင်ရုံတစ်မျိုးမျိုးကို ပိုင်ဆိုင်သူသည် www.myro.com.mm တွင် သတ်မှတ်ထားသည်နှင့်အညီ မှတ်ပုံတင်လျှောက်ထားရမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက “ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင်ခြင်းဆိုင်ရာအမိန့်” အား ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်နေ့တွင် အမိန့်အမှတ် ၈၂ / ၂၀၂၄ ဖြင့် ထုတ်ပြန်ထားကြောင်း ရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။

           ၎င်းအစည်းအဝေးတွင် ကျေးရွာများရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူးများတွင် စပါးသိုလှောင်ရုံလုပ်ငန်းရှင်များပါရှိပါက သိုလှောင်ရုံအမျိုးအစားအလိုက် မှတ်ပုံတင်ခြင်းလုပ်ငန်း ဆန်တန် ၂၅တန်နှင့်အထက် စပါးတင်း ၂၅၀၀နှင့် အထက် သိုလှောင်ရုံတစ်မျိုးမျိုး ပိုင်ဆိုင်သူများက MyRoတွင် သတ်မှတ်ချက်နှင့်အညီ မှတ်ပုံတင်လျောက်ထားရမည့် လုပ်ငန်းကို  လိုအပ်သောအချက်အလက် ထောက်ခံချက်များနှင့်အတူ မှတ်ပုံတင်လျောက်ထားရမည်ဖြစ်ကြောင်းကို ဟောပြောဆွေးနွေးခဲ့ပြီး ဆန်စပါးသိုလှောင်ရုံကို ပိုင်ဆိုင်သူများအနေဖြင့် ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင်ခြင်းဆိုင်ရာ အမိန့်နှင့်အညီ အလေးအနက်ထားလိုက်နာဆောင်ရွက်စေရေးအတွက် အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)