ကုန်အညွှန်းအမှတ်အသား စိစစ်နိုင်ရေး စားသုံးသူရေးရာဦးစီးဌာနသို့ တင်ပြလျောက်ထားမှုအား ကူညီဆောင်ရွက်

Powered by Drupal

              ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင် အနေဖြင့် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းသော ကုန်စည်များကို အသုံးပြုနိုင်ရန်အတွက် လုပ်ငန်းရှင်များကို အသိပညာပေးခြင်း၊ ဟောပြော ဆွေးနွေးခြင်း တို့ကိုဆောင်ရွက်ခဲ့ပြီး လုပ်ငန်းရှင်တို့က ကိုယ်တိုင်ကြိတ်ခွဲထုတ်လုပ်သောကုန်စည်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့် ကိုက်ညီမှု ရှိ/ မရှိကို စားသုံးသူရေးရာဦးစီးဌာနသို့ တင်ပြလာပြီး ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနိုင်ရန်အတွက် မြေပဲဆီထုတ်လုပ်မှုကုန်စည်ကို  ပန်းတနော်မြို့နယ် တာဝန်ခံရုံးသို့ ၂.၁.၂၀၂၅ ရက်နေ့က  စိစစ်ပေးနိုင်ပါရန် တင်ပြလာကြောင်း သိရသည်။

            ပန်းတနော်မြို့နယ်တာဝန်ခံ ဦးအောင်ကျော်သက်က ပန်းတနော်မြို့နယ် မြေပဲဆီကြိုတ်ခွဲထုတ်လုပ်သူ လုပ်ငန်းရှင် လျောက်ထားလာမှုကို  မြို့နယ်တာဝန်ခံရုံးတွင်လက်ခံတွေ့ဆုံပြီး  ထုတ်လုပ်သူအား စားသုံးသူကာ ကွယ်ရေးဥပဒေ ၂၀၁၉ ဥပဒေပါ အချက်အလက်များကို ရှင်းလင်းဆွေးနွေးပြီး ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချမည့် ကုန်စည်နှင့်ပတ်သက်၍ အမိန့်၊ ညွှန်ကြားချက်ပါ အချက်အလက်များကို ကုန်စည်များတွင် ထည့်သွင်းဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာသတ်မှတ်ချက်များ၊ ကုန်စည်အမျိုးအစားအလိုက် မြန်မာဘာသာဖြင့် ထည့်သွင်းဖော်ပြရမည့်အချက်များနှင့် လုပ်ငန်းရှင်များလိုက်နာရမည့်တာဝန်များအား ရှင်းလင်းဆွေးနွေးခြင်း ကုန်အညွှန်းအမှတ်အသား စိစစ်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းရှင်၏ တံဆိတ်အမှတ်အသား အမျိုးအစား ပုံစံ ၃ခု၊ ကိုယ်တိုင်ရေး တင်ပြလျောက်ထားစာနှင့် အခြားသောအချက်အလက်များကို ပူးတွဲ၍ ခရိုင်ဦးစီးမှူးရုံးသို့ ဆက်လက်တင်ပြဆောင်ရွက်ခဲ့ကြောင်းသိရှီရပါသည်။

DOCA(ဧရာဝတီ)