ကုန်စုံဆိုင်များ၌ ဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်ခဲ့

Powered by Drupal

            စားသုံးသူရေးရာဦးစီးဌာန၊ ကယာပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ(၂၀) ရက်နေ့  နံနက်( ၁၀: ၀၀ )နာရီအချိန်တွင်  လွိုင်ကော်မြို့၊  ရှမ်းစုရပ်ကွက်နှင့်  လောဓမ္မရပ် ကွက်အတွင်းရှိကုန်စုံဆိုင်များ၌ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ၂/၂၀၁၉ ပါ ကုန်အညွှန်းအမှတ်အသား သတ်မှတ်ချက်များနှင့်ကိုက်ညီမှုရှိ/ မရှိဈေးကွက် စောင့်ကြည့်စစ်ဆေး  ခြင်းအားဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

          ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် လွိုင်ကော်မြို့ပေါ်ရှိ ရှမ်းစုရပ်ကွက်နှင့် လောဓမ္မရပ်ကွက်အတွင်းရှိ ကုန်စုံဆိုင်များ၌ ရောင်းချနေသော ကုန်ပစ္စည်းအများစုသည် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ၂/၂၀၂၉ ပါ ကုန်အညွှန်းအမှတ်အသား သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိသော ကုန်ပစ္စည်းများသာ တင်သွင်းဖြန့်ဖြူးရောင်းချနေသည်ကို တွေ့ရှိရပြီး ဆိုင်ရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံကိုက်ညီမှုရှိသည့် ပစ္စည်းများကိုသာ တင်သွင်းရောင်းချကြရန်နှင့် စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ရာတွင်  စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းများနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်ကြရန် အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကယား)