၂၀၂၄-ခုနှစ်၊ ဒီဇင်ဘာလအတွင်း စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်နိုင်မှုအခြေအနေ

Powered by Drupal

             မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်နှင့်ချောက်ခရိုင်အတွင်းရှိ ဝန်ထမ်းများသည် “ထုတ်ကုန် လုံခြုံစိတ်ချရမှုအစ ကုန်အညွှန်းအမှတ်အသားက” ဆိုသည့်အတိုင်း စျေးကွက်အတွင်းရှိ ကုန်စည်များတွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း(၁၈)ကုန်အညွှန်း အမှတ်အသားဖော်ပြရာတွင် ပြည့်စုံစွာ ပါဝင်ရမည်အချက်အလက်များ၊ ပြည့်စုံမှန်ကန်စွာဖော်ပြထားခြင်းရှိ/ မရှိနှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲ‌ရေးဦးစီးဌာနက စားသုံးရန်မသင့် တားမြစ်ထားသော ကုန်စည်များရောင်းချမှုရှိ/ မရှိတို့အား မိတ်ဖက်ဌာနများနှင့် ပူးပေါင်းပြီး လစဉ်ဆောင်ရွက်လျက်ရှိပါသည်။

          ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလအတွင်း စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို (၁၃)ကြိမ်၊ မကွေးမြို့နယ် (၅)ကြိမ်၊ တောင်တွင်းကြီးမြို့နယ်(၂)ကြိမ်၊ မြို့သစ်မြို့နယ်(၂)ကြိမ်၊ နတ်မောက်မြို့နယ် (၁)ကြိမ်၊ ချောက်မြို့နယ် (၃)ကြိမ်၊ စုစုပေါင်း (၁၃)ကြိမ် ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)