မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်တွင် မြို့သန့်ရှင်းသာယာလှပစေရေးနှင့် သဘာဝပတ်ဝန်းကျင်အား ထိခိုက်မှုမရှိစေရေးတို့အတွက် ပလတ်စတစ်သုံးစွဲမှုလျော့ချရေး Campaign အား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် အပတ်စဉ် တနင်္လာနေ့တိုင်း ပလတ်စတစ်မသုံးစွဲရေးနေ့ဟုသတ်မှတ်ပြီး ပလတ်စတစ်အိတ်အစား စက္ကူအိတ်များ၊ အင်ဖက်များ၊ ငှက်ပျောဖက်များ အစားထိုးသုံးစွဲစေရေးအား စည်ပင်သာယာရေးအဖွဲ့၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် စျေးကော်မတီဝင်များ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ (၆.၁.၂၀၂၅)ရက်နေ့၊ နံနက်(၀၈:၀၀)နာရီအချိန်တွင် မကွေးမြို့၊ မင်္ဂလာစျေး၌ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
ဆက်လက်၍ မကွေးမြို့၊ မင်္ဂလာစျေးတွင် ရောင်းချလျက်ရှိသော ကုန်စည်များ၌ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ စားသုံးရန်မသင့် တားမြစ်ထားသောကုန်စည်များ၊ သက်တမ်းလွန်နှင့်မှိုတက်နေသော ကုန်စည်များ၊ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ သတ်မှတ်ချက်များ ပြည့်စုံမှန်ကန်စွာဖော်ပြပါဝင်မှုမရှိသော ကုန်စည်များရောင်းချမှုမရှိစေရေး စျေးကွက်စောင့် ကြည့်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)