မကွေးမြို့ရှိ အခြေခံစားသောက်ကုန်ဈေးနှုန်းများ

Powered by Drupal

          ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ(ပထမပတ်)တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့ပေါ်ရှိ အခြေခံစားသောက်ကုန်ဈေးနှုန်းများဖြစ်သော ပေါ်ဆန်းမွှေး(၁)အိတ်လျှင် ကျပ်(၁၆၀၀၀၀)၊ ဧည့်မထ (၁)အိတ်လျှင် ကျပ်(၁၀၃၀၀၀)၊ ဧရာပဒေသာ(ကုန်ဇောင်း)(၁)အိတ်လျှင် ကျပ်(၁၃၉၀၀၀)၊ ဧရာပဒေသာ (မြောင်းမြ) ကျပ်(၁၂၅၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

            စားဖိုဆောင်စားသောက်ကုန် ဈေးနှုန်းမျာအနေဖြင့် (၁)ပိဿာလျှင် ကြက်သွန်နီ(သစ်) ကျပ် (၃၈၀၀)၊ ကြက်သွန်နီ(ဟောင်း) ကျပ်(၃၅၀၀)၊ ကြက်သွန်ဖြူ(ရှမ်း) ကျပ်(၁၈၀၀၀)၊ ကြက်သွန်ဖြူ (ကြူကုတ်) ကျပ်(၂၂၀၀၀)၊ ငရုတ်သီးခြောက်(ရှည်) ကျပ်(၁၄၀၀၀)၊ ငရုတ်သီးခြောက်(ပု) ကျပ် (၁၆၀၀၀)၊ နနွင်းတက် ကျပ်(၁၀၀၀၀)၊ မန်းကျည်သီးမှည့် ကျပ်(၄၅၀၀)၊ ဆား ကျပ်(၁၂၀၀)၊ သကြား ကျပ်(၆၀၀၀)၊ အာလူး ကျပ်(၇၀၀၀)၊ ခရမ်း ချဉ်သီး ကျပ်(၃၅၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ စားသုံးဆီဈေးနှုန်းများအနေဖြင့် (၁)ပိဿာလျှင် ပဲဆီ ကျပ်(၁၆၀၀၀)၊ နှမ်းဆီ ကျပ်(၁၄၅၀၀)၊ စားအုန်းဆီ ကျပ်(၈၁၀၀)၊ နေကြာဆီ ကျပ်(၁၆၀၀၀)ဖြင့် ရောင်းဝယ်လျက်ရှိသည်။ သား/ငါးဈေးနှုန်းများ မှာ (၁)ပိဿာလျှင် မွေးမြူးရေး ကြက်သား ကျပ်(၁၈၀၀၀)၊ ကြက်သား(ဗမာ) ကျပ်(၂၅၀၀၀)၊ ဝက်သား ကျပ်(၂၀၀၀၀)၊ အမဲသား ကျပ်(၁၆၀၀၀)၊ ဆိတ်သား ကျပ်(၁၈၀၀၀)၊ ငါးမြစ်ချင်း(လတ်) ကျပ်(၁၃၅၀၀)၊ ကြက်ဥ(၁)လုံးလျှင် ကျပ်(၄၅၀)၊ ဘဲဥ(၁)လုံးလျှင် ကျပ်(၆၅၀)ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း သိရသည်။ 

           ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ(စတုတ္ထပတ်)နှင့်နှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် စားအုန်းဆီဈေးနှင့် ကြက်သွန်နီဈေးတို့မှာ အနည်းငယ်မြင့်တက်လာပြီး ကျန်အခြေခံစားကုန်ဈေးနှုန်းများမှာ တည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)