စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် စားသုံးသူများ စားသုံးသူကာကွယ်ရေးဥပဒေအား သိရှိလိုက်နာစေရေး၊ အခွင့်အရေးနှင့် တာဝန်များအား သိရှိစေရေး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဥပဒေပြဌာန်းချက်ပါ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာထည့်သွင်းဖော်ပြလာခြင်းဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းပြီး ဈေးကွက်များပိုမိုရရှိစေရန်ရည်ရွယ်၍ အသိပညာပေးခြင်းနှင့် လုပ်ငန်းရှင်တွေ့ဆုံခြင်းများကို စဉ်ဆက်မပြတ် ကွင်းဆင်းအသိပညာပေးလျက်ရှိပါသည်။
ပခုက္ကူခရိုင်အနေဖြင့် နိုဝင်ဘာလအတွင်းတွင် ခရိုင်ဦးစီးမှူးမှ ဦးဆောင်၍ ဒုတိယခရိုင်ဦးစီးမှူး၊ ပခုက္ကူမြို့နယ်တာဝန်ခံ၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့်ဝန်ထမ်းများသည် ပခုက္ကူမြို့နယ်ရှိ စာသင်ကျောင်းများသို့ အသိပညာပေးခြင်း(၃)ကြိမ်နှင့် လုပ်ငန်းရှင်တွေ့ဆုံမှု(၅)ကြိမ် ဆောင်ရွက်ခဲ့ပါသည်။
ဆိပ်ဖြူမြို့နယ်၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၌ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကျေးစာရေးများအား အသိပညာပေးခြင်း(၁)ကြိမ်နှင့် စာသင်ကျောင်းများသို့ အသိပညာပေး(၂)ကြိမ်၊ စုစုပေါင်း အသိပညာပေးခြင်း(၃)ကြိမ်၊ လုပ်ငန်းရှင်တွေ့ဆုံမှု(၂)ကြိမ် ဆောင်ရွက်ခဲ့ပါသည်။
ဂန့်ဂေါခရိုင်အနေဖြင့် မြို့မရပ်ကွက်ရှိ စာသင်ကျောင်းသို့ အသိပညာပေးခြင်း(၁)ကြိမ်နှင့် လုပ်ငန်းရှင်များအား တွေ့ဆုံမှု(၂)ကြိမ် ဆောင်ရွက်ခဲ့ပြီး ပခုက္ကူနှင့် ဂန့်ဂေါခရိုင် စုစုပေါင်း အသိပညာ ပေး(၇)ကြိမ်နှင့် လုပ်ငန်းရှင်တွေ့ ဆုံမှု(၉)ကြိမ် ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)