စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းများနှင့် စားသုံးသူအခွင့်အရေးများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် တာဝန်ခံ ဦးမျိုးဝင်းသန်းသည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက် နံနက်(၁၁:၀၀)နာရီအချိန်တွင် ကန့်ဘလူမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ စားသုံးသူပြည်သူများအား အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူ၏အဓိပ္ပာယ်၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များနှင့် စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ စသည်တို့ကို ဟောပြောခဲ့ကြောင်း ၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများကို ဝယ်ယူသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာသည့် နစ်နာဆုံးရှုံးမှုများကို တင်ပြပိုင်ခွင့်၊ တိုင်ကြားပိုင်ခွင့်နှင့် ကုစားပိုင်ခွင့်စသည့်အခွင့်အရေးများရှိကြောင်း၊ မည်သူမဆို အွန်လိုင်းဖြင့်ရောင်းချခြင်းလုပ်ငန်းကို မှတ်ပုံတင်လက်မှတ်လျှောက်ထားရရှိပြီးမှသာ လုပ်ကိုင်ရမည်ဖြစ်ကြောင်း ၊ www.doca.gov.mm website တွင်ဝင်ရောက်၍ စားသုံးသူကာကွယ် ရေးနှင့်စပ်လျဉ်းသည့် သတင်းအချက်အလက်များ၊ ကုန်သွယ်ရေးနှင့်သက်ဆိုင်သည့် သတင်းအချက်အလက်များကို လေ့လာဖတ်ရှု့နိုင်ကြောင်း ဟောပြောဆွေးနွေးအသိပညာပေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။
DOCA(စစ်ကိုင်း)