ကလေးသူငယ်များ ဘေးအန္တရာယ်ကင်းရှင်းစေဖို့ စားသုံးသူဟောပြောပွဲများ ပြုလုပ်ကြပါစို့

Powered by Drupal

 

 

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်း ဒေသကြီး ဦးစီးမှူး၏လမ်းညွှန်ချက်၊ ကန့်ဘလူခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် ကျွန်းလှမြို့နယ် တာဝန်ခံ ဒေါ်ဝေဝေ အောင်သည် စားသုံးသူပြည်သူများကို စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွား ကာကွယ်ရန် ၊ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ကျန်းမာရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှု ရှိစေရေးတို့ အတွက် (..၂၀၂၅)ရက်နေ့ နံနက် (၀၉း၃၀) နာရီ အချိန်တွင်  ကျွန်းလှမြို့နယ်၊ ဇီးတောကျေးရွာ မူလတန်းကျောင်းတွင်  စားသုံးသူအကာအကွယ်ပေးရေး အသိပညာပေးဟော ပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။  

          အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မာဝင်းမှ ကြိုဆိုနှုတ်ခွန်း ဆက်စကားပြောကြားခဲ့ပြီးနောက် မြို့နယ်တာဝန်ခံက၊ စားသုံးသူ ကာကွယ် ရေးဥပဒေပါ စားသုံးသူ၏ အဓိပ္ပါယ် ဖွင့်ဆိုချက်၊ စားသုံးသူကာကွယ်ရေး၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စားသုံးသူအကာကွယ်ပေးရေး ဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း နှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့် အညီ ပြည့်စုံစွာ ထည့်သွင်းဖော်ပြ၍  ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် ကုန်ပစ္စည်းများကိုသာ ဝယ်ယူစားသောက် အသုံးပြုတတ်ရန်၊ ဆိုးဆေးများပါဝင်မှုများသော ချိုချဉ်များ မုန့်များ ကိုရွေးယ်စားသောက်တတ်ရန်၊ မုန့်ထုတ်များဝယ်စားရင် မြန်မာစာပါသောမုန့်ထုတ်မျာရွေးချယ်တတ်စေရန်၊ စားသုံးသူနစ်နာဆုံးရှုံးမှုရှိလျင် တိုင်ကြားနိုင်ပါကြောင်း ၊ တိုင်ကြားနိုင်သည့် နေရာများဖြစ်သည့် Facebook Page ဖြစ်တဲ့ DOCA Myanmar Page တွင်လည်းကောင်း ၊ မိမိတို့ဌာနခရိုင်ဦးစီးမှူးရုံး စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေး စင်တာ (CICC) တွင်လည်းကောင်း ၊ မိမိတို့ဌာန Website  ဖြစ်တဲ့ www. doca.gov. mm တွင်လည်းကောင်း ၊ MPT ; mytel ;  Telenor ;  Oredoo  ; SIM Card User များအားလုံး Call Center No. 1535 တို့တွင် အထောက်အထား အပြည့်အစုံဖြင့် တိုင်ကြားနိုင်ပါကြောင်းနှင့် သိလိုသည်များကို စုံစမ်းမေးမြန်းနိုင်သည့် အကြောင်းများ၊ အစားအသောက်နှင့် ပတ်သက်ပြီး ကျောင်းသား/ သူများကို ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိတဲ့ ကုန်ပစ္စည်းများကိုသာ ရွေးချယ်ဝယ်ယူစားသောက် အသုံးပြုတတ်ရန်အတွက် ဆရာ/ဆရာမ(၇)ဦး၊ ကျောင်းသား/သူ(၅၉) စုစုပေါင်း (၆၆)ဦးတို့အား အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး အမိန့်ကြော်ငြာစာ အမှတ်(၂/၂၀၁၉) ကုန်အညွှန်းအမှတ်အသား အသေးစိတ်စိစစ်ချက်များပါရှိသည့် လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။  

DOCA(စစ်ကိုင်း)