ဓနဖြူမြို့နယ် စာဖြူကျေးရွာတွင် စိုက်ပျိုးသော နံနံပင် ဈေးကောင်းရရှိ

Powered by Drupal

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ဓနုဖြူမြို့နယ်တွင် ကိုင်း စိုက်ပျိုးတောင်သူ ဦးအောင်မိုး ထုံးပုံကျေးရွာအုပ်စု၊ စာဖြူကျေးရွာတွင် နံနံပင်ကို စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။ ဓနုဖြူမြို့နယ်တွင် ဟင်းသီးဟင်းရွက်စိုက်ဧက ၇၀ခန့်ရှိကြောင်း သိရသည်။

          နံနံစိုက်ပျိုးမှုအနေဖြင့် ၀.၂၅ ဧက တွင် စိုက်ပျိုးပြီး တြိဂံအမှတ်တံဆိတ် မျိုးထုတ် (၈)ထုတ် ဝယ်ယူစိုက်ပျိုးရပြီး  နံနံ မျိုးထုတ် တစ်ထုတ်လျှင် ၁၇၀၀၀/-ကျပ် ဖြင့်ဝယ် ယူရကြောင်း ဒီဇင်ဘာလတွင် စတင်စိုက်ပျိုးပြီး ရက်(၄၀) အတွင်း နံနံပင် လှိုင်လှိုင်ထွက်ပေါ်ကြောင်း သိရသည်။

          စိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်အနေဖြင့် မျိုး၊  လုပ်သားခ၊ ထွန်ယက်ခ၊  အပါအဝင် ငွေကျပ် ၂၅၀၀၀၀/-ခန့်ကုန်ကျကြောင်း၊ စိုက်ဧက (၀.၈၅)တွင် နံနံပိဿာချိန် ၂၀၀ ဝန်းကျင်ခန့် ထွက်ရှိသည်။

          ဈေးနှုန်းအနေဖြင့် ဒီဇင်ဘာ လကုန်ပိုင်းက နံနံ ၁ပိဿာဈေးနှုန်းမှာ ငွေကျပ် ၂၈၀၀/-ဖြင့်  လက်ကားဈေးဖြင့် ကုန်သည်များထံရောင်းချကြောင်း၊ လက်လီဈေး ၁ပိဿာ ၃၀၀၀ကျပ် ဈေးရကြောင်း၊ အကျိုးအမြတ်အနေဖြင့် ငွေကျပ် ၃၀၀၀၀၀ ကျပ် အကျိုးအမြတ်ကျန်ရှိကြောင်း၊ နံနံကို ရန်ကုန်ဈေးကွက်သို့ တင်ပို့ရပြီး မြို့နယ်နှင့် နီးစပ်ရာ မြို့များသို့ တင်ပို့ရောင်းချကြောင်း တောင်သူမှ နံနံအပြင် ရှမ်းနံနံ၊ မုန့်လာဥ၊ မုန့်ညှင်း၊ ဂေါ်ဖီထုတ်၊ ကန်စွမ်းရွက်၊ ကြက်ဟင်းခါးသီး၊ ငရုတ်၊ ပဲတောင့်ရှည်၊ ဗုံလုံသီး၊ ဆလပ်သီးနှံများကို လည်း စိုက်ပျိုးထားကြော်ငး နံနံစိုက်တောင်သူထံမှ သိရသည်။

DOCA (ဧရာဝတီ)