မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

Powered by Drupal

            ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၆)ရက် နေလယ် (၁၃:ဝဝ)နာရီအချိန်၌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ-၁၊ ရုံးအမှတ် (၅၂)၊ နေပြည်တော်တွင် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်ဥက္ကဌ ပြည်ထောင်စုဝန်ကြီးဦးဆောင်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၅)ကို ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်အတွင်းရေးမှူး၊ မြန်မာ နိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်အဖွဲ့ဝင်များ ညွှန်ကြားရေးမှူးချုပ် ကုန်သွယ်ရေးဉီးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် မြန်မာကုန်သွယ်မှုမြင့်တင်ရေးအဖွဲ့၊ ဒုတိယအမြဲတမ်းအတွင်းဝန်  ပြည်ထောင်စု ဝန်ကြီးရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် စားသုံးသူရေးရာဦးစီးဌာန၊ ကဏ္ဍအလိုက် စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေး အထောက်အကူပြုလုပ်ငန်းကော်မတီအဖွဲ့ခေါင်းဆောင်နှင့်အဖွဲ့ဝင်များ၊ စားသုံးသူရေးရာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ ဦးစီးအရာရှိများနှင့်  ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး/ ပြည်နယ်စားသုံးသူရေးရာကော်မတီ ဥက္ကဌ များမှ  Virtual စနစ်ဖြင့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

             အဆိုပါ အစည်းအဝေးတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်ဥက္ကဌ၊ ပြည်ထောင်စု ဝန်ကြီးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်အတွင်းရေးမှူးမှ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၄)၏ ဆုံးဖြတ်ချက် များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများတင်ပြခြင်း၊  လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့် အမှာစာများအားဖတ်ကြားတင်ပြခဲ့ရာ ကော်မရှင်ဥက္ကဌက အမှာစာများအပေါ် အဆုံးအဖြတ်ပေးခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး/ ပြည်နယ်စားသုံးသူရေးရာကော်မတီ ဥက္ကဌများက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအားအခြေအနေများအား ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ကြပြီး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)