ဈေးအနည်းငယ်မြင့်တက်လာသော ဘိလပ်မြေဈေးကွက်

Powered by Drupal

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် ဆောက်လုပ်ရေးလုပ်ငန်းသုံး  ဘိလပ်မြေနှင့် အိမ်ဆောက်ပစ္စည်းများအား စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံမှ (၈.၁.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)အချိန်တွင် ကြံခင်းမြို့၊ ရွာသစ်ရပ်ကွက်နှင့် ပန်းရံစုကျေးရွာ အတွင်းရှိ ဘိလပ်မြေရောင်းချသည့်  အိမ်ဆောက်ပစ္စည်းဆိုင်များသို့ ကွင်းဆင်းလေ့လာခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ကွင်းဆင်းလေ့လာရာတွင် ဇန်နဝါရီလ ပထမပတ်အတွင်း ဖြစ်ပေါ်နေသော ဘိလပ်မြေ ဈေးနှုန်းများမှာ Apache တစ်အိတ်လျှင် (၁၇၀၀၀/-) ကျပ်နှင့် ကြံ့နီ တစ်အိတ်လျှင် (၁၈၅၀၀/-မှ ၁၉၀၀၀/-)ကျပ်ကြား အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်လဈေးနှုန်းနှင့် နှိုင်းယှဉ်ကြည့်လျှင် Apache တစ်အိတ်လျှင် (၁၀၀၀/-)ကျပ်နှင့် ကြံ့နီ တစ်အိတ် လျှင်(၁၅၀၀/-မှ ၂၀၀၀/-)ကျပ်ကြား အသီးသီးမြင့်တက်လာခဲ့ကြောင်း၊ ဘိလပ်မြေစက်ရုံမှ ပုံမှန်ခွဲတမ်းရရှိသော်လည်း ဝယ်လိုအားများ သည့်အတွက် တစ်ခါတစ်ရံ ပစ္စည်းပြတ်လပ်မှုရှိကြောင်း၊ ကြံခင်းမြို့နယ်အတွင်း ဘိလပ်မြေ‌ရောင်းချ သော အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များထံမှ သိရှိရကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)