စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ ပြည်သူ့အားကစားကွင်း၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် MSME ထုတ်ကုန်ပြပွဲ ကျင်းပ

Powered by Drupal

            ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ( ၄ ) ရက်နေ့တွင် ကျရောက်သည့် ( ၇၇) နှစ်ပြည့် လွတ်လပ်ရေးနေ့ အထိမ်း အမှတ်အဖြစ် MSME ထုတ်ကုန် ပြပွဲအခမ်းအနားကို ဇန်နဝါရီလ ( ၃ ) ရက်နေ့မှ ( ၄ ) ရက်နေ့ အထိ မုံရွာမြို့ရှိ ပြည်သူ့အားကစားကွင်း၌ (၂) ရက်ကြာ ကျင်းပခဲ့ရာ ဝန်ကြီးချုပ် ဦးမြတ်ကျော်မှ တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

            အဆိုပါ ကုန်စည်ပြပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ  ပြခန်း(၃)ခန်းဖြင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် MSME ဒေသထွက်ကုန်များ၊ စက်မှုလက်မှု ကုန်ပစ္စည်းများ၊ ဒေသထွက် အစားအစာများ၊ လူအသုံးအဆောင် ပစ္စည်းများနှင့် ပရိဘောဂပစ္စည်းများ၊ အရာတော်သနပ်ခါး ထုတ်ကုန်ပြခန်း၊ ရွှေဘိုပေါ်ဆန်း ဆန် အရောင်းပြခန်း၊ ဒေသထွက်ကုန်အစားအစားနှင့် စုံလင်စွာခင်းကျင်းပြသရောင်းချခဲ့ကြပြီး မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှလည်း ဒေသထွက် ထုတ်ကုန် လက်မှုပစ္စည်းအရောင်းပြခန်း ပါဝင်ပြသခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)