မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်တွင် ကွမ်းပင်များကို စီးပွားဖြစ်အပိုဝင်ငွေရ အောင်အလေးထားစိုက်ပျိုးလာကြသည်ကိုသိရှိရပါသည်။ ရှေးယခင်ကပင်တံတားဦးက ကွမ်းနုဝါ ဟူ၍တင်စားခေါ်ဝေါ်ခဲ့ကြပါသည်။ကျောက်ဆည်ခရိုင်အတွင်း ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ကွမ်း စိုက်ဧက ကျောက်ဆည်မြို့နယ်တွင်(၄၀၀)ဧက၊ စဉ့်ကိုင်မြို့နယ်တွင်(၁၄၇)ဧက၊ မြစ်သားမြို့နယ် တွင် (၃၅)ဧက ၊ စုစုပေါင်း(၅၈၂)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး နိုဝင်ဘာလဆန်းပိုင်းမှစတင်၍ ကွမ်းများ စတင်ခူးဆွတ်လျှက်ရှိပြီး ခူးဆွတ်နိုင်သည့်ဧက(၃၈၅)ဧက ခူးဆွတ်ပြီးစီးပြီဖြစ်ကြောင်း ခရိုင် ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်းများအရသိရှိရပါသည်။ ကွမ်းစိုက်ပျိုးသော တောင်သူ များအနေဖြင့် တစ်နှစ်ပတ်လုံးစိုက်ပျိုးနိုင်သော်လည်း ကွမ်းခြံပိုင်ရှင်များအနေဖြင့် ဇွန်၊ ဇူလှိုင်လ များတွင် အစိုက်များသည်ကိုတွေ့ရှိရပြီး မိုးတွင်းကာလဖြစ်သည့်အတွက် အပင်အမြစ်စွဲလွယ်ပြီး ကြီးထွားနှုန်းမြန်၍အောင်မြင်ဖြစ်ထွန်းသောကြောင့်ဖြစ်ပါသည်။ကွမ်းမျိုးအနေဖြင့်ကွမ်းနုဝါမျိုးနှင့် အထွက်တိုး မျိုး(ဉဓမ)မျိုးဟူ၍ စိုက်ပျိုးကြပြီး ခြံပိုင်ရှင်များအနေဖြင့် ကွမ်းနုဝါမျိုးကိုသာ အဓိက စိုက်ပျိုး ကြပါသည်။ ကွမ်းနုဝါမျိုးသည် ဈေးကွက်ကောင်းမွန်၍ ကွမ်းစားသူများ ကြိုက်နှစ်သက်ပြီး ပွဲရုံများမှ အရောင်းအဝယ်ကောင်းသောကြောင့် ကွမ်းနုဝါမျိုးကို အဓိက စိုက်ပျိုးရခြင်းဖြစ်ပါသည်။ ကွမ်းအပင်(၁၀၀၀)စိုက်လျှင် ပိဿာချိန်အနေဖြင့် နွေရာသီနှင်မိုးရာသီ ကာလများတွင်(၅၀-၆၀) ပိဿာထွက်ရှိပြီး ဆောင်းရာသီတွင်(၂၅-၃၀) ပိဿာ ထွက်ရှိပါသည်။ ကွမ်းဈေးနှုန်းအနေဖြင့် နွေရာသီနှင့်မိုးရာသီများတွင် (၁)ပိဿာလျှင်(၁၁၀၀၀-၁၅၀၀၀)ကျပ် ဈေးနှုန်းရှိပြီး ယခုလက်ရှိ ဆောင်းရာသီတွင်(၁)ပိဿာလျှင်(၂၂၀၀၀-၂၅၀၀၀)ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း နွေရာသီ နှင့် မိုးရာသီတွင် ကွမ်းဈေးနှုန်းကျဆင်းသော်လည်း အထွက်နှုန်းကောင်းမွန်ပြီး ဆောင်းရာသီတွင် အထွက်နှုန်းလျော့ပြီး ဈေးကောင်းရသောကြောင့် ဆတူအကျိုးအမြတ်ရရှိ ကြောင်းသိရှိရပါသည်။ ဈေးကွက်အနေဖြင့် ထွက်ရှိလာသော ကွမ်းများအား မန္တလေး၊ မိတ္ထီလာ၊ ပျော်ဘွယ် ၊ ရမည်းသင်း နှင့် တောင်ကြီးမြို့နယ်များသို့ အဓိကတင်ပို့ရောင်းချလျှက်ရှိပါသည်။ တစ်နှစ်ပတ်လုံးခြုံကြည့်လျှင် ကွမ်းပင်(၁၀၀၀)စိုက်ပျိုးထားသော ကွမ်းခြံပိုင်ရှင်များအနေဖြင့် တစ်လလျှင်(၅၅၀၀၀၀/၆၀၀၀၀၀)ကျပ်ပျမ်းမျှ ဝင်ငွေရရှိကြောင်း ၊ ကွမ်းခြံတစ်ခြံသက်တမ်းမှာ အပြုစုကောင်းပါက (၁၀-၁၅)နှစ်သက်တမ်းရှိသောကြောင့် အပိုဝင်ငွေရရှိပြီး အကျိုးအမြတ်ရရှိ သောကြောင့် ကွမ်းပင်စိုက်ပျိုးပြီး စီးပွားရေးအောင်မြင်ဖြစ်ထွန်း၍ ကွမ်းနုဝါများကို စိုက်ပျိုး သင့်ပါကြောင်းရေးသားတင်ပြအပ်ပါသည်။
DOCA(မန္တလေး)