တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ အခြေခံစားကုန်စျေးနှုန်း အခြေအနေ

Powered by Drupal

            တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ပထမအပတ်အတွင်း အခြေခံစားကုန်စျေးနှုန်းအများစုမှာ စျေးနှုန်းတည်ငြိမ်လျက်ရှိပါသည်။ ယခင် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ပထမအပတ်အတွင်း အခြေခံစားကုန်စျေးနှုန်းများနှင့်နှိုင်းယှဥ်ပါက စားအုန်းဆီတစ်ပိဿာလျှင် (၈၁၀၀)ကျပ်မှ (၈၄၀၀) ကျပ်၊ ငရုတ်ခြောက် တစ်ပိဿာလျှင် (၁၇၀၀၀)ကျပ်မှ (၁၈၀၀၀)ကျပ်၊ သကြားတစ်ပိဿာလျှင် (၅၅၀၀)ကျပ်မှ (၅၈၀၀)ကျပ်အထိ စျေးနှုန်းအနည်းငယ်သာတက်လျက်ရှိပြီး ထားဝယ်မြို့စျေးကွက်အတွင်း ရန်ကုန်ပွဲရုံများမှ ကြက်သွန်နီအသစ်များ ဝင်ရောက်လျက်ရှိပြီး ကြက်စာစျေးနှုန်းများမှာလည်း အနည်းငယ်ကျဆင်းနေသဖြင့် ကြက်သွန်နီ တစ်ပိဿာလျှင် (၅၀၀၀) ကျပ်မှ (၄၆၀၀)ကျပ်၊ ကြက်သား(cp)တစ်ပိဿာလျှင် (၂၃၀၀၀)ကျပ်မှ (၂၀၀၀၀)ကျပ်သို့ စျေးနှုန်း အနည်းငယ်ခန့်ကျဆင်းနေပြီး အခြားသောအခြေခံစားကုန်စျေးနှုန်းများမှာ တည်ငြိမ်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)