သီရိမင်္ဂလာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

Powered by Drupal

             ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်  သီရိမင်္ဂလာဈေးတွင် ဇန်နဝါရီလ (၁) ရက်နေ့မှ ဇန်နဝါရီလ (၆) ရက်နေ့အထိဖြစ်ပေါ်ခဲ့သော တွံတေးမှ သခမာသီးတောင်းတစ်တောင်း ကျပ် ၃၀၀၀၀၊ ပြင်ဦးလွင် မှ ဘောက်သီး တစ်ပိဿာ အလုံးကြီး ကျပ် ၁၂၀၀၀၊ ပြည် မှ ဆီးသီး (ချဉ်) တစ်ပြည် ကျပ် ၂၀၀၀၊စစ်ကိုင်းမှ ဇီးပန်းသီး ဂျပ်ဖာ ကျပ် ၂၀၀၀၀၊  ပြင်ဦးလွင် မှ စတော်ဘယ်ရီ ခြင်းကြီးတစ်ခြင်း  ကျပ် ၁၀၀၀၀၀၊ အလုံးလတ် ကျပ် ၉၀၀၀၀၊  တပ်ကုန်း မှ ဖရဲသီး(ဘာဟုဘာလီ) အလုံးကြီး ကျပ် ၅၀၀၀၊ အလုံးလတ် ကျပ် ၃၀၀၀၊ အလုံးသေး ကျပ် ၂၅၀၀၊ မိတ္ထီလာ မှ ဖရဲသီး (၈၅၅) အလုံးကြီး ကျပ် ၁၅၀၀၀၊ အလုံးလတ် ကျပ် ၁၀၀၀၀၊ အလုံးသေး ကျပ် ၈၀၀၀၊ အောင်ပန်း မှ ထောပတ်သီး တစ်လုံး ဈေးနှုန်းမှာ အလုံးကြီး ကျပ် ၈၀၀၊ ရှမ်းပြည် မှ လိမ္မော်သီး တစ်ပိဿာ အလုံးကြီး ကျပ် ၇၀၀၀၊ ပုပ္ပါး မာလာကာသီး အလုံးကြီး ကျပ် ၈၀၀၊ အလုံးလတ် ကျပ် ၅၀၀၊ ကျိုက်ထို မှ ကျွဲကောသီး အလုံးကြီး ကျပ် ၈၀၀၀ ၊အလုံးလတ် ကျပ် ၆၀၀၀၊ အလုံးသေး ကျပ် ၄၀၀၀၊ ယိုးဒယားပန်းသီး တစ်သေတ္တာ ကျပ် ၈၀၀၀၀၊ မော်လမြိုင် မှ စိန်းစားဥ တစ်တွဲ ကျပ် ၂၀၀၀ တို့ရှိကြောင်း သီရိမင်္ဂလာဈေးရှိ မြန်မာနိုင်ငံသစ်သီးဝလံပန်းမန်ဟင်းသီးဟင်းရွက်စိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်း (MFVP) မှ သိရှိရပါသည်။

DOCA(ရန်ကုန်)