“တနိုင်တပိုင်ဒေသဝက်မွေးမြူရေးမှသည်စီးပွားဖြစ်CPဝက်မွေးမြူရေးဆီသို့”

Powered by Drupal

          မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်မြို့နယ်တွင် တစ်နိုင်တစ်ပိုင် ဝက်မွေးမြူရေးလုပ်ငန်း များလုပ်ကိုင်လျှက်ရှိပါသည်။ စားသုံးသူရေးရာဦးစီးဌာနမှဝန်ထမ်းများသည် ဝက်မွေးမြူရေးလုပ်ငန်း များအားလုပ်ကိုင်ဆောင်ရွက်လျှက်ရှိသော ကျောက်ဆည်မြို့နယ် ၊ လက်ဝဲစုကျေးရွာမှ ဝက်မွေးမြူ သောဝက်ခြံပိုင်ရှင်နှင့်တွေ့ဆုံ၍ အသားတိုးဝက်မွေးမြူခြင်းဖြင့် ကျေးလက်ဒေသနေပြည်သူများ ပုံမှန် ဝင်ငွေရရှိနေမှုနှင့်ပတ်သက်၍ ကွင်းဆင်းလေ့လာခဲ့ပါသည်။ဝက်မွေးမြူရေးလုပ်ငန်းကို လွန်ခဲသော ၃နှစ်ခန့်မှစ၍မွေးမြူခဲ့ကြောင်း၊ယခုလက်ရှိအချိန်တွင်လည်းမွေးမြူထားဆဲဖြစ်ကြောင်း၊နောင်လည်း ဝက်မွေးမြူခြင်းအလုပ်ကိုသာ ဆက်လက်လုပ်ကိုင်သွားမည်ဖြစ်ကြောင်း ၊ ဝက်မွေးမြူရာတွင် စနစ်တကျအမိုး၊အကာ၊ကွန်ကရစ်ခင်းများဖြင့်သေချာသန့်ရှင်းသပ်ရပ်စွာမွေးမြူထားရှိပြီး ဝက်စာ ကျွေးခွက်များကိုလည်း ကွန်ကရစ်ဖြင့်ပြုလုပ်ထားပြီး အစာကျွေးခွက်တစ်ခုလျှင် ဝက်အကောင်ရေ (၅-၆)ကောင်အထိကျွေးနိုင်ကြောင်း၊ဝက်များမွေးမြူရာတွင် ရောင်းတန်းဝင်(၁)လခွဲသား(၂)လသား ဝက်များကိုဝယ်ယူ၍မွေးမြူရကြောင်း၊ ဝက်ပေါက် နို့ခွဲဝက်တစ်ကောင်လျှင် (၃၀၀၀၀၀-၄၀၀၀၀၀) ကျပ်ဝန်းကျင်ဖြင့်ဝယ်ယူရပါသည်။ နို့မခွဲသေးသော CP ဝက်တစ်ကောင်းလျှင်(၂၅၀၀၀၀)ကျပ်ခန့်ရှိ ကြောင်း၊CP ဝက်များမွေးမြူရန်ဝယ်ယူရာတွင် Kg ဖြင့်ဝယ်ယူရကြောင်း ၊ 1Kg လျှင်(၂၅၀၀၀)ကျပ် ရှိပြီးဝက်တစ်ကောင်ကို Kgပေါ်မူတည်၍စျေးပေးရကြောင်း ၊ နို့ခွဲဝက်မွေးမြူမည်ဆိုလျှင်(၃)လ သက်တမ်းသာမွေးမြူရပြီး နို့မခွဲသောဝက်ကို‌မွေးမြူပါက(၄)လမွေးမြူရကြောင်း ၊ ဗမာဝက်မျိုးကို မွေးမြူမည်ဆိုလျှင် ကျင်းတက်ဝက်တစ်ကောင်လျှင်(၁၈၀၀၀၀-၂၀၀၀၀၀)ကျပ်ပေးဝယ်ရကြောင်း ၊ ဗမာဝက်မျိုးသက်တမ်းအနေဖြင့် (၆-၇)လအထိမွေးမြူရကြောင်း၊ CP ဝက်ထက်သက်တမ်းပိုကြောင်း၊  CP ဝက်အစာဖိုးအနေဖြင့် (၁၀)ကောင်မွေးလျှင် တစ်ရက်ကို(၅၀၀၀၀)ကျပ်ခန့်ကုန်ကျကြောင်း၊ CP ဝက်စာတစ်ပိုင်းကို(၈၀၀၀၀)ကျပ်ပေးဝယ်ရကြောင်း  ၊ တစ်ကောင်ထဲမွေးလျှင်  (၁)လအထိကျွေးနိုင်ကြောင်း၊ဗမာဝက်မျိုးအား အစာကို ဆန်ကွဲ၊ဖွဲနု၊ထမင်းရည်နှင့်ကျွေး၍ရကြောင်း ဝက်များရောင်းတမ်း ဝင်ပိဿာ(၅၀)ရှိပါက ပြန်လည်ရောင်းချကြောင်း ၊ စျေးနှုန်းအနေဖြင့် CP ဝက်(၁)ပိဿာလျှင် (၂၀၀၀၀)ကျပ် စျေးရှိသောကြောင့် ပိဿာ(၅၀)ရှိပါက တစ်ကောင်လျှင်(၁၀၀၀၀၀၀)ကျပ်အထိ ရောင်းချနိုင်ကြောင်း၊ ဗမာဝက်စျေးနှုန်းက CP ဝက်စျေးနှုန်းထက် (၁)ပိဿာလျှင် (၂၀၀၀)ကျပ်လျော့ ၍ရောင်းရကြောင်း ၊ ဗမာဝက် ပိဿာ(၅၀)ရှိပါက တစ်ကောင်လျှင်(၉၀၀၀၀၀)ကျပ်ဖြင့်ရောင်းချရ ကြောင်း၊ CP ဝက် နှင့် ဗမာဝက်မွေးမြူရာတွင် ကုန်ကျစရိတ်အတူတူဖြစ်သော်လည်း ဗမာဝက်က သက်တမ်းနှစ်လကျော်ပိုကြာကြောင်း၊ရောင်းချိန်တွင်လည်း စျေးနှုန်းအနေဖြင့် တစ်ကောင်လျှင် (၁၀၀၀၀၀)ကျပ်ခန့်ကွာခြားသဖြင့် CP ဝက်ကိုအမွေးများကြောင်း၊ CP ဝက်က စျေးကွက်ဝယ်လိုအား ရှိသဖြင့် ဝက်မွေးမြူသူများက CP ဝက်ကိုအဓိကမွေးမြူကြကြောင်း၊အကျိုးအမြတ်အနေဖြင့် CP ဝက်တစ်ကောင်လျှင်(၄၀၀၀၀၀)ကျပ်၊အစာဖိုး(၃၀၀၀၀၀)ကျပ်ရှိပြီးပိဿာ(၅၀)တစ်ကောင်ရောင်းချပါက (၁၀၀၀၀၀၀)ကျပ်ရရှိသောကြောင့် ဝက်ဖိုး ၊ အစာဖိုး(၇၀၀၀၀၀)နှုတ်ပြီးပါက တစ်ကောင်လျှင် (၃၀၀၀၀၀)ကျပ်မြတ်ကြောင်း၊ တစ်ပြန်(၁၀)ကောင်မွေးပါက သုံးလသက်တမ်းတွင် (၃၀)သိန်းမြတ် ကြောင်း၊အကျိုးအမြတ်အနေဖြင့် ပုံသေမှတ်ယူ၍မရကြောင်း ဝက်နားရွက်ပြာရောဂါများကျရောက် ပါကဝက်များသေဆုံးပြီး စျေးနှုန်းများထိုးကျတက်ကြောင်း၊ပုံမှန်အရောင်းအဝယ်ဖြစ်ပါက ဝက်မွေးမြူ ရာတွင်အကျိုးအမြတ်ဖြစ်ထွန်းကြောင်း၊ဝက်သားဝယ်ယူမည်ဆိုလျှင်လည်း CP ဝက်က အသားထူ အသားရဲပြီး အခေါက်ပါးပြီးနူးလွယ်ကြောင်း၊ဗမာဝက်က အခေါက်ထူ အသားနည်းကာ ချက်ပြုတ်ရာ တွင်ကြာကြောင်း၊ဝက်မွေးမြူရန်စိတ်ကူးရှိသူများအနေဖြင့် သက်တမ်းတို ဝင်ငွေလည်းတိုးသော CP ဝက်များကိုဝယ်ယူ၍ စနစ်တကျဝယ်ယူမွေးမြူသင့်ကြောင်း၊ CP ဝက်မွေးမြူထားသူတစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။

DOCA(မန္တလေး)