တိုက်ကြီးမြို့နယ်တွင် ဆီထွက်သီးနှံဆောင်းနေကြာစိုက်ပျိုးရန် ဆောင်ရွက်မှု

Powered by Drupal

              ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်တွင် ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများဖြစ်သော မြေပဲ၊ နှမ်း၊ နေကြာတို့အား စိုက်ပျိုးလျက်ရှိရာ ၂၀၂၄-၂၀၂၅ ခုနှစ်၊ ဆီထွက်သီးနှံ စိုက်ပျိုးရာသီတွင် နေကြာသီးနှံစိုက်ပျိုးရန်အတွက် စိုက်ဧက(၃၅၀၀)လျာထားခဲ့ပါသည်။ ၂၅.၁၂.၂၀၂၄ ရက်နေ့တွင် တိုက်ကြီးမြို့နယ် စိုက်ပျိုးကြီးကြပ်ရေးကော်မတီမှ ဆောင်းနေကြာစိုက်ပျိုးရန်အတွက် မျိုးစေ့များစုဆောင်း၍ စိုက်ပျိုးတောင်သူများသို့ ဖြန့်ဝေပေးခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး အစီအစဉ်ဖြင့် ဖြန့်ဝေမည့်ရေဆင်းစပ်မျိုး(၁)အား ဧက(၁၀၆၀)ဧကအတွက် တစ်ဧကလျှင် (၃)ကီလို နှုန်းဖြင့်လည်းကောင်း၊ မြို့နယ်စိုက်/ ကြပ်အစီအစဉ်ဖြင့် ဧရာဝတီတိုင်းဒေသကြီးမှ မှာယူခဲ့သော ဩစတေးလျမျိုးဖြစ်သည့် စူပါတန်း(၄၁)မျိုးစေ့အား ဧက(၁၀၃)အတွက် တစ်ဧကလျှင် (၅၀၀)ဂရမ် လေးထုပ်နှုန်းဖြင့်လည်းကောင်း ဖြန့်ဖြူးပေးခဲ့ပြီး ၂၆.၁၂.၂၀၂၄ ရက်နေ့တွင် တိုက်ကြီးမြို့နယ် သရက်ချောင်းကျေးရွာအုပ်စုတွင် စတင်စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)