“ ခရမ်းမြို့နယ်၌ပြည်တွင်းထုတ်အမှတ်တံဆိပ်ပါစားသုံးဆီများနှင့်ရောနှောဆီများ ဈေးကွက် အတွင်းကွင်းဆင်းစစ်ဆေးခြင်း ” (P)

Powered by Drupal

           ရန်ကုန်တိုင်းဒေသကြီး ခရမ်းမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်းရှိ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ညွှန်ကြားမှုဖြင့် စားသုံးသူ ရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ဈေးကွက်အတွင်း ခရမ်းမြို့နယ်တာဝန်ခံနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ဖြင့် ပူးပေါင်း ၍ ခရမ်းမြို့စည်ပင်သာယာမြို့မဈေးရှိဈေးဆိုင်များရှိ အမှတ်(၁၁)ရပ်ကွက်ရှိ အောင်ရတနာဆီစက်များရှိ ပြည်တွင်းထုတ်အမှတ်တံဆိပ်ပါ စားသုံးဆီများအား (၂၀၂၄)ခုနှစ် ဒီဇင်ဘာလ (၂၃) ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။

          ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် စည်ပင်သာယာမြို့မဈေးအတွင်းအပြင်ရှိ ဈေးဆိုင်တို့တွင် ပြည်တွင်းထုတ်အမှတ်တံဆိပ်ပါ မြေပဲဆီ၊ နေကြာဆီ၊ နှမ်းဆီများ၊ ရောနှောဆီဗူးများတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)၏ ထောက်ခံချက်ရှိမှသာ ထုတ်လုပ်ဖြန့်ဖြူးရောင်းချခွင့်ရှိမည်ဖြစ်၍ ဈေးအတွင်းရှိ ကုန်စုံဆိုင်များ၊ ရပ်ကွက်အတွင်းရှိ ဆီစက်များတွင် ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသောထုတ်ပိုးဗူးဆီများတွင် (FDA)ထောက်ခံချက်များ ပါဝင်မှုရှိ/ မရှိနှင့် စားသုံးသူကာကွယ်ရေးဥပဒေညွှန်ကြားချက်များနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှုရှိ/ မရှိ၊ ကျန်းမာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးအာဏာပိုင်အဖွဲ့မှ ရောနှောဆီ (Blended Oil) ထုတ်လုပ်၊ သိုလှောင်၊ သယ်ယူ၊ ဖြန့်ဖြူးရောင်းချခြင်းနှင့် စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရန် အမိန့်အမှတ်(၂/၂၀၂၄) ဖြင့်ကိုက်ညီမှုရှိ/မရှိ၊ FDA ထောက်ခံချက်အမှတ်များ ထုတ်လုပ်သည့်စက်ရုံ လိပ်စာ၊ ဗူးဆီအရွယ်အစားများအား မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့သည်။

          ထိုသို့စစ်ဆေးခဲ့ရာတွင် ခရမ်းမြို့နယ်အတွင်းရောင်းချလျှက်ရှိသော ဗူးဆီများတွင် သတ်မှတ် ချက်များနှင့်ပြည့်စုံ၍ FDA ထောက်ခံချက်ပါဝင်သော ဆီများရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)